မြန်မာနိုင်ငံနယ်စပ်ဒေသရဲ့ အရေးပါတဲ့ သံတမန်တစ်ယောက်အဖြစ် ခန့်အပ်ခံရတဲ့ စမိုင်းလ်

Posted on - Feb 20 []

Rowena

စာရေးသူ

ချစ်စရာကောင်းပြီး ဟန်ဆောင်မှုပင်းတဲ့ မင်းသမီးချောလေး စမိုင်းလ်က တစ်ခေတ်တစ်ခါက ကြော်ငြာနဲ့ ဗီစီဒီသီချင်းတွေတွေမှာ နေရာယူထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ စမိုင်းလ်က အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာနယ်ပယ်နဲ့ အလှမ်းဝေးသွားခဲ့ပေမယ့် ပရိသတ်တွေကတော့ စမိုင်းလ်ရဲ့ လှုပ်ရှားမှုတိုင်းကို ချစ်ခင်စွာ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဘာသာရေးကို အထူးလိုက်စားသလို ကံကောင်းခြင်းတွေနဲ့ ပြီးပြည့်စုံနေတဲ့ စမိုင်းလ်က မနေ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာလည်း ဝမ်းသာ ဂုဏ်ယူစရာ သံတမန်ရာထူးကို ပေးအပ်ချီးမြှင့်ခံခဲ့ရပါတယ်။

ဖေဖော်ဝါရီ (၁၉)ရက်နေ့က Park Royal Hotel မှာ နိုင်ငံတော်ကချီးမြှင့်တဲ့ ဘွဲ့၊ အာဆီယံကချီးမြှင့်တဲ့ ဘွဲတွေရရှိခဲ့တဲ့ အသင်းရဲ့ နာယက၊ အမှုဆောင်တွေကို ဂုဏ်ပြုပွဲနဲ့ ရုပ်ရှင်သရုပ်ဆောင် စမိုင်းလ်ကို မြန်မာနိုင်ငံနယ်စပ်ဒေသဖွံဖြိုးရေး အသင်းရဲ့ ဂုဏ်ထူးဆောင်သံတမန် အဖြစ်ခန့်အပ်ပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စမိုင်းလ်ကလည်း သူမအနေနဲ့ "မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း ဂုဏ်ထူးဆောင်သံတမန်အဖြစ်ပါဝင်ရတာအရမ်းကိုဂုဏ်ယူပါတယ်ရှင် 😊" ဆိုပြီး ဝမ်းသာပီတိစကား ဆိုထားပါတယ်။

စမိုင်းလ်က အများအကျိုးကို သယ်ပိုးတတ်သူပီပီ မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း ဂုဏ်ထူးဆောင်သံတမန်အဖြစ် တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Rowena
Source: စမိုင်းလ် Smile

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။