မိသားစု ဆိုတာ သကာရည်​တွေမလို ​တွေးလိုက်တာနဲ့ တစ်​ယောက်အခက်အခဲ ကို နားလည်စာနာခြင်း ဆိုတဲ့ ချစ်သုဝေ

Posted on - Feb 20 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် သရုပ်ဆောင်အဆိုတော်မလေး ချစ်သုဝေဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာအလုပ်တွေထက် လက်ရှိမှာ ချစ်စရာသမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ကို အချိန်ပေးရင်း မိသားစုလေးနဲ့ အတူဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် သူမ မိသားစု ရဲ့ အဓိပ္ပါယ်ကို ပြောပြလာတဲ့ ချစ်သုဝေ အကြောင်း ကိုဖော်ပြပေးလိုက်ပါတယ်။

ချစ်သုဝေ က ချစ်ရတဲ့ သမီးလေးနှစ်ယောက်ရဲ့ ပုံရိပ်ကလေးတွေကိုပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိပါတယ်။ သူမက သရုပ်ဆောင်မလုပ်တော့ပဲ ပွဲတက်များကို အနုပညာလှုပ်ရှားမှုအနေနဲ့ လုပ်ဖြစ်နေတာပါ။

ဒီတစ်ခါမှာတော့ ချစ်သုဝေက ခေတ်သစ် ဖောင်ဒေးရှင်း ပွဲမှ သူမတို့ မိသားစု ပုံရိပ်လေးတွေကို ဖော်ပြရင်း မိသားစု ဆိုတဲ့ အဓိပ္ပါယ်ကို ခုလိုပြောပြထားပါတယ်။

"မိသားစု ဆိုတာ သကာရည်​တွေမလို အပို​တွေမလို ​တွေးလိုက်တာနဲ့ တစ်​ယောက်အခက်အခဲ လိုအပ်ချက် ခံစားမှု အားလုံးကို ဖြည့်​တွေးနားလည်စာနာခြင်း ​ဖေးမကူညီနားလည်ခြင်း အပြန်အလှန်ရှိ​နေရမယ့် အသိုက်အမြုံတစ်ခုပဲ🙏" ဆိုပြီး ပြောပြထားပါတယ်။

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ချစ်သုဝေ တို့ မိသားစု ပုံရိပ်လေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

ချစ်စရာကောင်းတဲ့ မိသားစုလေး

သရုပ်ဆောင် ချစ်သုဝေ တို့မိသားစုရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;chit thu wai
Photo; alinn yaung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။