လူ့ဘဝရဲ့ သက်တမ်း၃ ပုံမှာ ၂ ပုံပဲကျန်တော့တဲ့အတွက် ကျန်းမာအောင်နေပြီး ကိုယ့်ကိုယ် ပိုချစ်ပါတော့မယ် ဆိုတဲ့ မြတ်ကေသီအောင်

Posted on - Feb 21 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးပါ။ သူမ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာ ရှိပြီး ခုအချိန်ထိ ငယ်ရွယ်နုပျို နေတဲ့ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရှိနေတာပဲ ဖြစ်ပါတယ်။ တစ်ခါမှာတော့ မိုမိုလေးရဲ့ ပရိသတ်တွေအတွက် သူမရဲ့ မွေးနေ့မှာ နောက်ထပ်ဆက်လျှောက်ရမယ့် အနာဂတ်မှာ သူမကိုယ်သာ သူမပိုချစ်သွားမယ်လို့ ပြောထားတဲ့ မြတ်ကေသီအောင်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြတ်ကေသီအောင် က လက်ရှိမှာ စားသောက်ဆိုင် တစ်ဆိုင်နဲ့ နောက်ထပ် Coffee Lu Gallery ဆိုင် လေးကို ဖွင့်ထားတယ်လို့သိရပါတယ်။ မြတ်ကေသီအောင် ပါဝင်သရုပ်ဆောင်ထားတဲ့ အထက်တန်းစား ရုပ်ရှင် ဇာတ်ကားကြီးကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။သူမ သရုပ်ဆောင်ခဲ့တဲ့ စပွန်ဆာ ရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တာပါ။

ဒီတစ်ခါမှာတော့ မြတ်ကေသီအောင်က " Happy Birthday to me..... အချိန်ကာလတခုမှာဘဝ ဆိုတာကြီးကို အနိမ့်အမြင့် တွေနဲ့ ခံစားခဲ့ရသလို လောကဓံအလှည့်အပြောင်းများစွာလည်း ကြုံခဲ့ဖူးတယ်.အချစ်အမုန်းဆိုတာတွေ ကြားမှာလည်း မျက်နှာဖုံးလေးတွေ ကိုယ်စီတပ်ပြီး စကားပြောလာချိန်မှာတော့ ရေခဲတုန်းလေးတွေ နေထိလို့အရည်ပျော်သလို ပျောက်ကွယ်သွားတဲ့ ချစ်ခြင်း မုန်းခြင်းတွေကို တအံ့တဩ ငေးကြည့်ခဲ့မိတယ်.။ပျော်ရွှင်စရာ ဝမ်းနည်းမှုတွေ ခံစားနာကြင်ခြင်းတွေ ဟာ နောက်တဘဝရောက်သွားလည်း ကြုံချင်ကြုံနေအုန်းမှာမို့ သိပ်မထူးဆန်းတဲ့ အရာလို့ သတ်မှတ်လိုက်တဲ့အခါမှာတော့ ရင်ထဲ ဘာမှ သိပ်မရှိတော့ဘူး.။

"လူ့ဘဝရဲ့ သက်တမ်းအရဆို ၃ ပုံမှာ ၂ ပုံဖြစ်နေတဲ့ ကိုယ့်အရွယ်မှာ လောဘလည်း မကြီးမိအောင် ရောင့်ရဲနိင်တဲ့စိတ်မွေးထားတယ်.ဒေါသလည်း မဖြစ်ချင်ဘူး.တကယ်တော့ ဒေါသဖြစ်နေတယ်ဆိုတာ ဒုက္ခရောက်နေတာပါ.ကိုယ်ကဒုက္ခရောက်မှာကို ကြောက်လို့ ဘယ်သူ့အကြောင်းမှလည်း စိတ်မဝင်စားဘူး.မောဟလည်းမဖြစ်ချင်လို့ လက်ရှိအချိန်လေးကိုပဲစဉ်းစားတယ်.။ကိုယ်အသက်ရှင်နေတဲ့ အချိန်မှာ ကိုယ့်ဘေးမှာရှိတဲ့သူတွေအတွက် ကိုယ်ဟာ အသုံးဝင်တဲ့သူတယောက်ဖြစ်အောင်ကြိုးစားတယ်.(သေသွားရင် ဘာမှ အသုံးမဝင်တော့ဘူးလေ)လူတွေအားလုံးအတွက်မပေးဆပ်နိင်ရင်တောင် ကိုယ့်အနီးနားက ကိုယ်ချစ်တဲ့သူတွေအတွက်ဘယ်လိုပေးဆပ်ရမလဲပဲ စဉ်းစာဖြစ်တယ်."

ဘယ်ချိန်သေမယ်မှန်းမသိတဲ့ ဘဝမှာအကုသိုလ်ဆိုတဲ့ အရာမျိုးကို မြူမှုံတမှုံမျှလောက်တောင်မယူသွားချင်လို့ ကိုယ်နဲ့ မဆိုင်ဘူးထင်တဲ့ အရာဝတ္ထုတွေကို မမြင်ချင်ယောင် မကြားချင်ယောင် မသိချင်ယောင်ဆောင်ပြီးဥပက္ခာ ထားတတ်အောင်ကြိုးစားတယ်.။ကျမ အပါအဝင် မွေးနေ့ဆိုရင် ပျော်စရာဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေကြပေမဲ့ တကယ်တော့ မွေးနေ့ဆိုတာ မွေးပြီးရင် သေဖို့ရှိသေးတယ်လို့ သတိပေးလိုက်တဲ့ နေ့စွဲလေးတခုပါ.။အဲ့ဒါကြောင့် ခုအချိန်ကစပြီး ကိုယ့်ကျန်းမာရေးကိုပိုဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုသာ ပိုချစ်လိုက်ပါတော့ မြတ်ကေသီအောင်ရေ..." ဆိုပြီးပြောထားပါတယ်။

သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင် ပြောထားတဲ့အကြောင်းကို ပရိသတ်တွေ သိလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;myat kay thi aung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။