မြင်းစီးအားကစားနည်း ကြောင့်ရလာတဲ့ ကျန်းမာရေးကောင်းကျိုးကို ပြောပြလာတဲ့ အေးမြတ်သူ

Posted on - Feb 21 []

Moe Kalay

စာရေးသူ

သရုပ်ဆောင် အကယ်ဒမီ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အေးမြတ်သူ ဟာဆိုရင် သရုပ်ဆောင်မှုအပိုင်းမှာ အပိုအလိုမရှိတဲ့ သရုပ်ဆောင်ကွက်တွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတင်ဆင်ပေးခဲ့တဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။သူမက ခေါက်ထီးလေး မလုံ့တလုံ ရုပ်ရှင်ဇာတ်ကား နဲ့ အကယ်ဒမီဆုကို ရရှိထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အေးမြတ်သူ ရဲ့ မြင်းစီးခြင်းမှ ရတဲ့ ကျန်းမာရေးအကြောင်း ပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် အေးမြတ်သူက စစ်ကားရုပ်ရှင်ကားကြီးကို သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗို၊ ထူးအောင် ၊ အနုပညာရှင်များစွာနဲ့အတူ သရုပ်ဆောင်ရိုက်ကူးမှာပဲ ဖြစ်ပါတယ်။သူမအပါအဝင် ၊ ထွန်းထွန်း၊ ရန်အောင် တို့နဲ့ ရိုက်ကူးထားတဲ့ တန်ဖိုးရုပ်ရှင် ဇာတ်ကားကြီးကလည်း စက်တင်ဘာလ (၁၂) ရက်နေ့မှာ ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။

အေးမြတ်သူ က ကျစ်လျစ်လှပတဲ့ အမိုက်စား Body ကိုပိုင်ဆိုင်ထားသူပါ ။ ခေတ်ဆန်တဲ့ ဖက်ရှင်များနဲ့ လိုက်ဖက်သူဖြစ်သလို မြန်မာဝတ်စုံလေးတွေနဲ့ ကျက်သရေရှိရှိလှပသူလေးပါ။

ဒီတစ်ခါမှာတော့ အေးမြတ်သူက " ဒီထက်ပိုပြီး နည်းစနစ်ကြအောင် သင်ယူပြီး . မြေပြန့်တွေ နဲ့ တောင်တန်းတွေ ဘက် သွားစီး ဖို့ ကျမ မှာ အိမ်မက်တွေထပ်ရှိလာခဲ့ပြီ... မြင်းစီးအားကစားနည်း က စိတ်လွတ်လပ်ခွင့်အပြည်ရပြီး .... စိတ်ဖိစီးမှု့တွေ ကို လည်း ထွက်ပေါက်တခုပေးတယ်လို့ ... မမြတ်လေး ခံစားမ်တယ်ရှင့်.ချစ်ရသူတွေအားလုံး .... ကျန်မာပျော်ရွှင်ပြီး အလုပ်တွေအားလုံးအဆင်ပြေကြပါစေရှင့် ..ခုတော့ ဟိုပုံ့လေး မြင်းစီးကလပ် မှာ ကျမ
ပျော်နေပါသည်....ဆိုပြီး ပြောထားပါတယ်။

အေးမြတ်သူ ရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ကြည့်ရူပေးကြပါဦးနော်။

ပရိသတ်ကြီးလည်း အေးမြတ်သူ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ်ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;aye myat thu

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။