ကိုယ်ပိုင်Page နဲ့ ပရိသတ်ရှေ့မှောက်ကို ရောက်လာပြီဖြစ်တဲ့ အကယ်ဒမီ ကျော်ရဲအောင်

Posted on - Feb 21 []

Moe Kalay

စာရေးသူ

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးပါ။ ပရိသတ်တွေကဟာသ ဇာတ်ရုပ်များ နဲ့ သူ့ကို ပိုကြိုက်ကြပြီး သူ့ရဲ့ သရုပ်ဆောင် ကောင်းမှုကြောင့် ခုချိန်ထိ သူ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားတာပဲ ဖြစ်ပါတယ်။ ကျော်ရဲအောင်က ​ဒီတစ်ခါမှာတော့ လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ကိုယ်ပိုင်Page နဲ့ ပရိသတ်ရှေ့မှောက်ကို ရောက်လာပြီဖြစ်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သရုပ်ဆောင် ကျော်ရဲအောင်က ခုနောက်ပိုင်း မှာ ရုပ်ရှင် သိပ်မရိုက်တော့ဘူးလို့ပြောပါတယ်။ သူ့အနေနဲ့ ခုနောက်ပိုင်းမှာ တချို့တွေက ဗွီဒီယို ဇာတ်ကားတွေကို ရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်နေကြတာရယ် ၊ အရည်အသွေး သိပ်မကောင်း တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို မရိုက်ချင်တာ ကြောင့် မရိုက်ဖြစ်တော့ဘူးလို့ သိရပါတယ်။ ကျော်ရဲအောင်က ရဲ့ သားကြီး ကအနုပညာသိပ်ဝါသနာမပါပေမယ့် သမီးလေးကတော့ အနုပညာဝါသနာပါတယ်လို့ သိရပါတယ်။

ဒီတစ်ခါမှာတော့ ကျော်ရဲအောင် က " ပရိတ်သတ်များခင်ဗျာ ကျွန်တော်​နှင့် နံမည်တူ page ဖွင့်သုံးစွဲနေမူ့များ များစွာတွေ့ရပါသည် ကျွန်တော့ page မဟုတ်ပါလို့ပဲ ပြောပါရစေ (သုံးနေသောသူများကိုလည်း အပြစ်မပြောလိုပါ ကျွန်တော့အား ချစ်သော ပရိတ်သတ်များသာဖြစ်လိမ့်မည်ဟု ကျွန်တော် မျော်လင့်ပါသည် ) ယခုမူ ကျွန်တော်တခါမှ မသုံးဖူး သော ကျွန်တော့ရဲ့ page.. အစစ်ကိုစတင်ရင်း ကျွန်တော်တို့ရဲ့ ဆိုင်သစ်ဖွင့်လှစ်ခြင်းလေးကို မိတ်ဆက်လိုက်ပါတယ်.... "

"ချစ်ခင်လေးစားရပါသော ကျေးဇူးရှင်ပရိတ်သတ်များခင်ဗျာ လူဘဝဆိုတာ အင်မတန်မှရခဲလှသလို အင်မတန်မှလည်းတိုတောင်းလွန်းလှပါတယ် အဲလိုတိုတောင်းလှတဲ့ အချိန်တိုလေးအတွင်းမှာ စိတ်ရဲ့ ဖိ့စီးမှု့ဒါဏ်တွေ ရုန်းကန်လှုပ်ရှားနေရတဲ့ဘဝရဲ့ဖိစီးမှု့ဒါဏ်တွေကို ထွက်ပေါက်ရစေဖို့ ဆွတ်ပျံ့ကြည်နူးဖွယ် တေးသီချင်းများနားထောင်ပြီး ခန္ဓာကိုယ်လေးများ ဘယ်ညာလူပ်ရမ်းရင်း နွေးထွေးပျူငှါတဲ့ဝန်ဆောင်မှု့များနဲ့အတူ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများစားသုံးဖို့ ကျွန်တော်တို့ရဲ့ PM 3:3 ကို ဖိတ်ခေါ်ပါရစေခင်ဗျာ..." လို့ပြောထားပါတယ်။

သရုပ်ဆောင် အကယ်ဒမီ ကျော်ရဲအောင် ပြောပြသွားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Moekalay
Source;kyaw ye aung

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။