စီရော်နယ်ဒိုသာ အသက် (၄၀) အထိဘောလုံးကစားမယ်ဆိုရင် ရရှိမယ့် ကြောက်မက်ဖွယ်စံချိန်များ

Posted on - Jun 11 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒိုဟာ အသက် (၄၀) အရွယ်အထိ ဘောလုံးဆက်ကစားဦးမယ်ဆိုရင် သူပိုင်ဆိုင်မယ့် စံချိန်တွေက ကြက်သီးထဖွယ် ကောင်းနေမှာပါ။ အသက် (၃၅) နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် စီရော်နယ်ဒိုဟာ သန်မာဆဲ၊ ဖျက်လတ်နေဆဲ။ သူ့ဆီမှာ နုပျိုတဲ့သွင်းဂိုးတွေက စီးဆင်းနေဆဲပါပဲ။ Silver လို့ အမည်ရတဲ့ Twitter အသုံးပြုသူတစ်ယောက်က စီရော်နယ်ဒိုတစ်ယောက် ချိုးဖျက်ရဦးမယ့်စံချိန်တွေကို မှတ်တမ်းပြုစုခဲ့ရာမှာတော့ စိတ်ဝင်စားစရာကောင်းလွန်းနေခဲ့တာ တွေ့ရပါတယ်။

ပေါ်တူဂီအတွက် ပွဲ (၂၀၀)

စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ပေါ်တူဂီလက်ရွေးစင်အတွက် (၁၆၄) ပွဲအထိ ကစားခဲ့ပြီးပါပြီ။ ဒါကြောင့် စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ပထမဆုံးပွဲ (၂၀၀) ပြည့်မှတ်တမ်းတင်နိုင်ဖို့ (၃၆) ပွဲလိုပါတယ်။ တစ်နှစ် (၉) ပွဲနှုန်းလောက်နဲ့ပဲ တွက်ရင်တောင် စီရော်နယ်ဒိုဟာ အသက် (၄၀) ပြည့်မြောက်မယ့် ယူရို ၂၀၂၄ မတိုင်ခင် ဒီစံချိန်ကြီးကို ရယူနိုင်မှာပါ။

ပီလီရဲ့စံချိန်

ဘရာဇီးဂန္ထ၀င်ကစားသမားကြီး ပီလီရဲ့ ဂိုးအများဆုံးသွင်းထားတဲ့ (၇၅၇) ဂိုးစံချိန်ကို လိုက်မီဖို့ စီရော်နယ်ဒိုဟာ (၃၈) ဂိုးပဲလိုပါတော့တယ်။ ဒါကြောင့် ၂၀၂၀-၂၁ ရာသီအစမှာပဲ ဒီစံချိန်ကို ချိုးဖြတ်နိုင်ဖို့ ရှိနေပါတယ်။

ဥရောပထိပ်သီးလိဂ် သွင်းဂိုး (၅၀၀)

စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ (၄၃၃) ဂိုးအထိ သွင်းယူခဲ့ပြီးပါပြီ။ ဂိုး (၅၀၀) ပြည့်ဖို့ဆိုရင် (၆၇) ဂိုး လိုနေပါသေးတယ်။ ဒါကြောင့် တစ်ရာသီ (၁၇) ဂိုးနှုန်းသွင်းယူသွားမယ်ဆိုရင်တောင် လာမယ့် (၄) ရာသီမှာ ဒီစံချိန်ကို ရရှိမှာပါ။

နိုင်ငံတကာဂိုးအများစံချိန်

အီရန်ဂန္ထ၀င်ကစားသမားအလီရဲ့နိုင်ငံတကာ ဂိုးအများစံချိန် (၁၀၉) ဂိုးကိုလည်း စီရော်နယ်ဒိုက မကြာခင်မှာ ကျော်ဖြတ်နိုင်တော့မှာပါ။ လက်ရှိမှာတော့ စီရော်နယ်ဒိုဟာ နိုင်ငံတကာဂိုး (၉၉) ဂိုးအထိ ရှိနေပါပြီ။

သွင်းဂိုး+ ဂိုးဖန်တီးမှု (၁၀၀၀)

မကြာသေးမီကမှ အဓိကပြိုင်ဘက် မက်ဆီ ရယူနိုင်ခဲ့တဲ့ သွင်းဂိုး + ဂိုးဖန်တီးမှုပေါင်း (၁၀၀၀) ပြည့်မြောက်တဲ့စံချိန်ကိုလည်း စီရော်နယ်ဒိုက မကြာခင် ရယူနိုင်တော့မှာပါ။ လက်ရှိမှာတော့ စီရော်နယ်ဒိုက သွင်းဂိုး + ဂိုးဖန်တီးမှု (၉၇၁) ကြိမ် အထိရှိသွားခဲ့ပါပြီ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။