ပရိသတ်တွေအကြား စိတ်ဝင်စားမှုအမြင့်တက်ဆုံးဖြစ်နေတဲ့ နောက်ဆုံးဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အကောင်းဆုံးအသင်း

Posted on - Jun 11 []

Gunner Ksr

စာရေးသူ

နောက်ဆုံး (၁၀) စုနှစ်တစ်ခုစာအတွင်း ကမ္ဘာ့အကောင်းဆုံအသင်းကို စပိန်သတင်းစာ AS ကနေ ထုတ်ပြန်ခဲ့ရာမှာတော့ စိတ်ဝင်စားစရာကောင်းခဲ့တာ တွေ့ရပါတယ်။ ဒီဘက်ခေတ်မျိုးဆက်သစ်ကစားသမားတွေ ပါဝင်လာခဲ့သလို ပရိသတ်အချစ်တော်ဂန္ထ၀င်ကစားသမားကြီးတွေလည်း ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် AS က ထုတ်ပြန်တဲ့နောက်ဆုံးဆယ်စုနှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးအသင်းကို ဖော်ပြလိုက်ရပါတယ်။

ဂိုးသမားနေရာမှာတော့ စပိန်ဂန္ထ၀င်ဂိုးသမားကြီးကာဆီးလက်စ်က ရွေးချယ်ခံခဲ့ရပါတယ်။ ကာဆီးလက်စ်ဟာ ရီးရဲမက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ကစားပြီး အောင်မြင်မှုများစွာ ရယူထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

နောက်တန်းကစားသမား (၄) ဦးနေရာမှာတော့ ဘာစီလိုနာကစားသမားဟောင်းအဲဗက်စ်၊ ရီးရဲနောက်ခံလူတွေဖြစ်ကြတဲ့ ရာမို့စ်နဲ့ မာဆယ်လို၊ ဘာစီလိုနာနောက်ခံလူပီကေးတို့က ရွေးချယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

တိုက်စစ်မှူးနေရာမှာတော့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီ၊ ဂျူဗင်တပ်တိုက်စစ်မှူးစီရော်နယ်ဒိုတို့နဲ့အတူ ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူးအမ်ဘတ်ပီတို့ကရွေးချယ်ခံခဲ့ရပါတယ်။ ဒီလူစာရင်းကို ကြိုက်နှစ်သက်သူတွေရှိခဲ့သလို ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။

AS က ထုတ်ပြန်လိုက်တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အကောင်းဆုံးအသင်း

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။