လုံးဝစိတ်ဝင်စားစရာကောင်းလွန်းနေတဲ့ နေမာရွေးချယ်ချဲ့တဲ့ ခေတ်နှစ်ခေတ်ရဲ့ အကောင်းဆုံး Five-A-Side အသင်း

Posted on - Jun 5 []

Gunner Ksr

စာရေးသူ

ဘရာဇီးနဲ့ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာရဲ့ Five A Side အသင်းရွေးချယ်မှုကတော့ တကယ့်ကို စိတ်ဝင်စားစရာကောင်းခဲ့တာပဲ ဖြစ်ပါတယ်။ နေမာဟာ ၂၀၁၈ ခုနှစ်နွေရာသီအပြောင်းအရွှေ့က ဘာစီလိုနာအသင်းကနေ ပြင်သစ်ထိပ်သီးကလပ်ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

နေမာဟာ Five A Side အသင်းကို ရွေးချယ်ခဲ့ရာမှာတော့ အနားယူသွားပြီဖြစ်တဲ့ ကစားသမားတွေအသင်းနဲ့ လက်ရှိကစားလျက်ရှိနေတဲ့ ကစာသမားတွေအသင်း စတဲ့ အသင်းနှစ်သင်းကို ရွေးချယ်သွားခဲ့တာပါ။

အနားယူသွားပြီဖြစ်တဲ့ ကစားသမားတွေ အသင်းဘက်မှာတော့ စပိန်ဂန္ထ၀င်ကွင်းလယ်လူဇာဗီ၊ အင်္ဂလန်ဂန္ထ၀င်ကစားသမားကြီးတွေဖြစ်ကြတဲ့ ဒေးဗစ်ဘက်ခမ်း၊ လမ်းပတ်၊ စတီဗင်ဂျရတ်နဲ့ ပြင်သစ်ဂန္ထ၀င်တိုက်စစ်မှူးကြီး အွန်နရီကို ရွေးချယ်သွားခဲ့တာပါ။

လက်ရှိ ကစားလျက်ရှိနေတဲ့ ကစားသမားတွေစာရင်းမှာတော့ နေမာရဲ့ ရွေးချယ်မှုက အငြင်းပွားဖွယ်ဖြစ်ခဲ့တာပါ။ နေမာဟာ မန်ယူကွင်းလယ်လူပေါ့ဂ်ဘာ၊ ရီးရဲတိုက်ကစားသမားဟာဇက်၊ ပီအက်စ်ဂျီအသင်းဖော်အမ်ဘတ်ပီနဲ့ ဘာစီလိုနာအသင်းဖော်တွေဟောင်းတွေ ဖြစ်ကြတဲ့ ဆွာရက်ဇ်၊ မက်ဆီတို့ကို ရွေးချယ်သွားခဲ့တာပါ။ စီရော်နယ်ဒိုကို ထည့်သွင်းရွေးချယ်ခြင်း မရှိခဲ့ဘဲ နေမာရဲ့လုပ်ရပ်ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။