COVID-19ကို ထိန်းချုပ်နိုင်ရန် အာဂျင်းတီးနားလိဂ်မှာ ထောင့်ကန်ဘောနဲ့ ဖရီးကစ်တွေကို ပယ်ဖျက်ဖို့ စဉ်းစား

Posted on - Jun 5 []

Gunner Ksr

စာရေးသူ

COVID-19 အရေးဟာ တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေခဲ့တာပါ။ လက်ရှိအချိန် ကမ္ဘာ့အနှံ့မှာတော့ COVID-19 အန္တရာယ်ဆိုးကြီးကို ဘောလုံးလောကကလည်း ခါးသီးစွာ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် ပရိသတ်အကြိုက် သည်းခြေကြိုက် ဥရောပဘောလုံးလိဂ်ပြိုင်ပွဲတွေ အပါအ၀င် ကမ္ဘာအနှံ့မှာရှိတဲ့ ဘောလုံးပြိုင်ပွဲ တော်တော်များများကို ရပ်နားထားခဲ့ရပြီး အခုအခါမှာတော့ ဘောလုံးပွဲစဉ်တွေ ပြန်လည်စတင်ဖို့ စီစဉ်နေတာပါ။

ဒီအထဲမှာ အာဂျင်တီးနားလိဂ်လည်း အပါအ၀င်ပါ။ အာဂျင်တီးနားပြည်တွင်းလိဂ်ဟာလည်း COVID-19 အန္တရာယ်ကြောင့် ရပ်နားထားခဲ့ရပြီး ဘယ်အချိန်မှ ပြန်စမှန်း မသိခဲ့ရတာပါ။ ဒါပေမဲ့ အာဂျင်တီးနားလိဂ်ဟာ သင့်တော်တဲ့အချိန်တစ်ခုမှာ တံခါးပိတ်ပြီး ပြန်လည်ကျင်းပသွားဖို့ စီစဉ်နေတာပါ။

အဲဒီလို ကျင်းပတဲ့နေရာမှာ COVID-19 ဖြစ်ပွားမှုကို လျှော့ချနိုင်ဖို့အတွက် ဖရီးကစ်တွေ၊ ထောင့်ကန်ဘောတွေကို ပယ်ဖျက်ဖို့ အကြံပြုမှုတွေ ရှိထားတယ်လို့ သိရပါတယ်။ အဓိကကတော့ ဖရီးကစ်တွေ၊ ထောင့်ကန်ဘောတွေဟာ လူစုလူဝေး ဖြစ်စေပြီး COVID-19 ကူးစက်ဖို့ အခွင့်အလမ်း များတယ်လို့ ယူဆခဲ့ကြတာပါ။

ဒီအကြောင်းအရာကို Cronica TV က အစီအစဉ်တင်ဆက်သူက ကြေညာခဲ့ရာမှာတော့ သူ့အနေနဲ့ မယုံနိုင်ကြည့်တဲ့ အပြုအမူမျိုးခဲ့ပါတယ်။ ဒါ့အပြင် ဒီအချက်ဟာ ရယ်စရာကောင်းတဲ့အချက်ဖြစ်တယ်လို့ တုံ့ပြန်သူတွေလည်း အများအပြားရှိခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။