စီရော်နယ်ဒိုဒေါသထွက်တာမြင်ရတာ ပျော်တယ်လို့ဆိုပြီး ပျက်ရယ်ပြုခဲ့သူ

Posted on - Jun 6 []

Gunner Ksr

စာရေးသူ

စီရော်နယ်ဒို ဒေါသထွက်နေတာကို မြင်ရရင် ပျော်တယ်လို့ ဗီရိုနာကြယ်ပွင့် ဗီလိုဆိုက ခပ်ဆန်းဆန်း ပြောဆိုသွားခဲ့တာပါ။ စီရော်နယ်ဒိုဆိုတာ နိုင်လိုစိတ်ပြင်းထန်သူ၊ အရှုံးဆိုတာကို လုံးဝလက်မခံနိုင်သူ၊ ယုတ်စွအဆုံးပြောရရင် လေ့ကျင့်ရေးကွင်းထဲမှာ နှစ်ဖက်ခွဲကန်တဲ့ အပျော်တမ်းဘောလုံးပြိုင်ပွဲမှကအစ ရှုံးနိမ့်မှုကို လုံးဝမလိုလားသူ ဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံးပွဲတစ်ပွဲရှုံးခဲ့ရင် စီရော်နယ်ဒိုတစ်ယောက် ဘယ်လောက်များ ခံစားရမလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ဗီရိုနာကြယ်ပွင့်ဗီလိုဆိုကတော့ သူ့အနေနဲ့ စီရော်နယ်ဒို ဒေါသထွက်တာကို မြင်ရတာ နှစ်လိုဖွယ်ကောင်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီရာသီ ဂျူဗင်တပ်နဲ့ ဗီရိုနာတို့ တွေ့ဆုံခဲ့ရာမှာတော့ ဗီရိုနာက အိမ်ကွင်းမှာပဲ (၂-၁) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဲဒီနေ့ရက်က ဗီလိုဆိုတစ်ယောက် မမေ့နိုင်သေးပါဘူး။ အထူးသဖြင့် စီရော်နယ်ဒိုရဲ့ဒေါသကို ဗီလိုဆို လုံးဝမမေ့နိုင်သေးပါဘူး။

"သူ့အကြောင်းကို ကျွန်တော် ကောင်းကောင်းသိတယ်။ သူက ရှုံးတာကို လုံးဝမကြိုက်သူ။ အဲဒီလို စီရော်နယ်ဒိုမျိုးကို အနိုင်ယူရတာ တကယ့်ကို လှပလွန်းတယ်။ စီရော်နယ်ဒို ရှုံးတာကို ထိုင်ကြည့်နေရတာ တကယ့်ကို နှစ်လိုဖွယ်ကောင်းပါတယ်"လို့ ဗီလိုဆိုက ဖွင့်ဟသွားခဲ့တာပါ။ ဒါကြောင့် ဗီလိုဆိုကတော့ စီရော်နယ်ဒိုရဲ့ ဒေါသကို မျက်ရယ်သွားပြုခဲ့တယ်လို့ပဲ ဆိုရမှာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။