မက်ဆီနဲ့ စီရော်နယ်ဒို့နှစ်ယောက်ကြား အချက်ကျကျနဲ့ အမှန်ကန်ဆုံး သုံးသပ်ပြသွားတဲ့ အီဗရာ

Posted on - Jun 13 []

Gunner Ksr

စာရေးသူ

မန်ယူဂန္ထ၀င်ကစားသမားဟောင်းအီဗရာရဲ့မက်ဆီနဲ့ စီရော်နယ်ဒိုတို့ နှစ်ယောက်ကြား နှိုင်းယှဉ်ပြောကြားချက်တွေက ဘောလုံးပရိသတ်တိုင်း ကြည်နူးလက်ခံချင်စရာဖြစ်ခဲ့ရတာပါ။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဆိုတာ (၂၁) ရာစုရဲ့ အကောင်းဆုံး ကစားသမားတွေဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် ကြိုးစားကြရင်း အမြင့်မားဆုံးအောင်မြင်မှုတွေကို ဆက်တိုက်ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူပိုကောင်းသလဲဆိုတာ ဘောလုံးလောကအတွင်း လုံးဝအဖြေဖရှိတဲ့ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လက်ရှိအချိန်မှာ မက်ဆီက စီရော်နယ်ဒိုထက် Ballon d'Or ဆု (၁) ကြိမ်ပိုရထားပေမယ့် ဒါကသူတို့နှစ်ယောက်ကြား ဘယ်သူပိုကောင်းသလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေတော့မဟုတ်ပါဘူး။ မက်ဆိနဲ့ စီရော်နယ်ဒိုတို့ကြား ဒီလောက်လေးနဲ့ တိုင်းတာလို့ မရတာတော့ အမှန်ပါပဲ။

သူ့အမြင်၊ ကိုယ့်အမြင်နဲ့ ပြောဆိုနေကြတာဖြစ်ပြီး သူတို့နှစ်ယောက်ကြား ဘယ်သူပိုကောင်းသလဲဆိုတာနဲ့ပတ်သက်ပြီး အားလုံးသဘောတူလက်ခံနိုင်တဲ့ တိကျတဲ့အဖြေပေးထားနိုင်ခြင်း မရှိသေးပါဘူး။ မက်ဆီနဲ့ စီရော်နယ်ဒိုတိုနဲ့ ပတ်သက်ပြီး အီဗရာရဲ့နှိုင်းယှဉ်ချက်တွေက တကယ့်ကို စိတ်ဝင်စားဖွယ် ဖြစ်ခဲ့တာပါ။

"မက်ဆီက ဘုရားသခင်ပေးတဲ့လက်ဆောင်ပါ။ ဘုရားသခင်က "မက်ဆီရေ..ဟိုက ကောင်လေးတွေနဲ့ ဘောလုံးသွားကန်နေလိုက်"လို့ ပြောပြီး လွှတ်လိုက်တာ။ စီရော်နယ်ဒိုကတော့ အရမ်းကြိုးစားတယ်။ သူက စက်တစ်စက်ပဲ။ သူက လုံးဝအရှုံးမခံချင်ဘူး။ ကမ္ဘာပေါ်က သူကအချောဆုံးယောက်ျားတစ်ယောက်ဖြစ်လိုပြီး အ၀တ်လဲခန်းအတွင်းမှာလည်း အားလုံးထက် အသာရလိုတယ်"လို့ အီဗရာက ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ အီဗရာရဲ့ ပြောစကားတွေက တကယ့်ကို သဘောကျစရာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီဆိုတာ (၂၁) ရာစု ဘောလုံးကမ္ဘာထဲက အလင်းလက်ဆုံး ကြယ်နှစ်ပွင့်။ အားလုံးသတ်မှတ်ထားကြသလို မက်ဆီက ပါရမီရှင်၊ စီရော်နယ်ဒိုက ကြိုးစားမှုရဲ့ ပြယုဂ်။ သူတို့နှစ်ယောက်ကတော့ အပြန်အလှန် တွန်အားပေးရင်း ပရိသတ်တွေကို ဘောလုံးဇာတ်ခုံပေါ်မှာ ဆက်လက်ဖျော်ဖြေနေတုန်းပါပဲ။ ဆက်လက် လင်းလက်နေဦးမှာပါပဲ။

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။