ယူနိုက်တက်ပရိသတ်တွေအားလုံး ကြွေဆင်းသွားမယ့် ဖာနန်ဒက်စ်ရဲ့ သရဲနီစိတ်ဓာတ်ကောင်း

Posted on - Jun 4 []

Gunner Ksr

စာရေးသူ

ပေါ်တူဂီလက်ရွေးစင်ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့က စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာပါ။ ဖာနန်ဒက်စ်ဟာ လာခြင်းကောင်းခဲ့ပြီး ယူနိုက်တက်မှာ အလျင်အမြန် အံ့ဝင်ခဲ့ပါတယ်။

အချိန်တိုအတွင်းမှာပဲ ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီး အသင်းရဲ့အရေးပါတဲ့ ကစားသမား ဖြစ်လာပါတယ်။ ယူနိုက်တက်ကစားသမားတိုင်းလိုလိုကလည်း ဖာနန်ဒက်စ်ကို ချီးကျူးနေကြတာ တွေ့မြင်ရမှာပါ။

အခုအခါ တိုက်စစ်မှူး အီဂါလိုကလည်း ဖာနန်ဒက်စ်ဟာ ရည်မှန်းချက်ကြီးမားသူဖြစ်ကြောင်း၊ ယူနိုက်တက်အတွက် ကစားနေသူတိုင်း ဖာနန်ဒက်စ်ရဲ့စိတ်ဓာတ်မျိုးထားရှိဖို့ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။

"ဖာနန်ဒက်စ်ဟာ အသင်းအတွက် အလွန်အရေးပါတဲ့ ကစားသမားပါ။ သူကရည်မှန်းချက်ကြီးပါတယ်။ ယူနိုက်တက်အတွက် ကစားနေသူတိုင်း ဖာနန်ဒက်စ်လိုစိတ်ဓာတ်မျိုး မွေးရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ယူနိုက်တက်ဟာ ခမ်းနားတဲ့အသင်းဖြစ်လို့ပါပဲ။ ကျွန်တော်တို့ဟာ ဆုဖလားတိုင်းကို လိုချင်ပါတယ်"လို့ အီဂါလိုက ဆိုခဲ့တာပါ။

Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။