တစ်ပွဲတည်း ပင်နယ်တီ (၃) ကြိမ်အထိ လွဲချော်ခဲ့လို့ ဂင်းနစ်စံချိန်တင်သွားတဲ့ အမေရိကအကောင်းဆုံးကစားသမားရဲ့ ရုပ်ပျက်ဖွယ် လွဲချော်မှု

Posted on - Jun 12 []

Gunner Ksr

စာရေးသူ

တစ်ချိန်တစ်ခါက တောင်အမေရိကရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ရဲ့ လွဲချော်မှုကတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပါတယ်။ အသက် (၄၆) နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ကစားသမားဟောင်း ပါလာမိုဟာ ၁၉၉၉ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ကစားခဲ့သူပါ။

သူဟာ ကစားသမားဘ၀မှာ ဘိုကာဂျူနီယာ၊ ဗီလာရီးရဲ၊ ဘက်တစ်အသင်းတို့မှာ ကျင်လည်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာလည်း တောင်အမေရိက အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူပါ။ ၁၉၉၉ ကိုပါအမေရိက ပြိုင်ပွဲမှာတော့ ပါလာမိုရဲ့လွဲချော်မှုက အံ့အားသင့်ဖွယ် ဖြစ်ခဲ့ရပါတယ်။

အဲဒီပွဲစဉ်မှာ အာဂျင်တီးနားဟာ အီကွေဒေါနဲ့ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရပြီး တစ်ပွဲတည်းမှာ ပင်နယ်တီ (၃) ကြိမ်ရရှိခဲ့တာပါ။ အဲဒီ (၃) ကြိမ်စလုံးကို ပါလာမိုတစ်ဦးတည်းက ကန်သွင်းခဲ့တာဖြစ်ပြီး ရုပ်ပျက်စွာနဲ့ (၃) ကြိမ်လုံးကို လွဲချော်ခဲ့တာပါ။

အဲဒီလွဲချော်မှုကြောင့် ပါလာမိုဟာ ကမ္ဘာ့ဂင်းနစ်စံချိန်တောင် တင်သွားခဲ့ရပြီး သူ့ရဲ့အာဂျင်တီးနားအသင်းဟာလည်း (၃) ဂိုးပြတ်နဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။

အာဂျင်တီးနားကစားသမားရဲ့ ရုပ်ပျက်ဖွယ် လွဲချော်မှု

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။