အိပ်ယာထက်က ဇာတ်ဝင်ခန်းတွေအကြောင်း ထုတ်ဖော်ဖွင့်ဟလာခဲ့တဲ့ Han So Hee

Posted on - May 27 []

Gunner Ksr

စာရေးသူ

မကြာခင်ကမှ ထုတ်လွှင့်ပြီးစီးသွားခဲ့တဲ့ The World of the Married ဇာတ်လမ်းတွဲကတော့ ၀က်ဝက်ကွဲအောင်မြင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး တောင်ကိုရီးယားဇာတ်လမ်းတွဲပရိသတ်တွေကြားမှာ အခိုင်အမာနေရာယူထားနိုင်ခဲ့တာပါ။

တစ်ပိုင်းပြီး တစ်ပိုင်း Rating တွေ ထိုးတက်ခဲ့သလို နောက်ဆုံး ဇာတ်သိမ်းပိုင်းမှာလည်း စံချိန်တင် ကြည့်ရှုသူနှုန်း မြင့်တက်ခဲ့တာပါ။ အထူးသဖြင့် အဲဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး Han So Hee ကလည်း တော်တော်လေး အောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။

Han So Hee ဟာ အဲဒီဇာတ်လမ်းတွဲထဲမှာ Park Haejoon နဲ့ ဖောက်ပြန်တဲ့ ဗီလိန်နေရာကနေ သရုပ်ဆောင်ခဲ့ရတာပါ။ ဇာတ်လမ်းတွဲအပြီး အင်တာဗျူးမှာတော့ Han So Hee က အိပ်ယာပေါ်က ဇာတ်ဝင်ခန်းတွေ အကြောင်း ပထမဆုံးအကြိမ် ဖွင့်ဟသွားခဲ့ပါတယ်။ အဲဒီလို ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရတာ တကယ့်ကို တုန်လှုပ်မိကြောင်း၊ စီနီယာ Park Haejoon က သူမကို များစွာ သင်ကြားပေးခဲ့ကြောင်း Han So Hee က ဖွင့်ဟသွားခဲ့တာပါ။

"ကျွန်မ အရမ်းကို စိုးထိတ်ခဲ့တယ်။ အနမ်းဇာတ်ဝင်ခန်းတွေ ရိုက်ဖူးပေမယ့် ဒါက ကျွန်မရဲ့ ပထမဆုံး Bed Scene ပါ။ Lee Taeoh က ဒီဇာတ်ဝင်ခန်းတွေအပေါ် တော်တော်လေး အာရုံစိုက်ထားခဲ့တာ။ ဒါကြောင့် ကျွန်မလည်း အများကြီး ပြင်ဆင်ခဲ့ရတယ်။ သူကတော့ ဒါက အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုလိုပဲလို့ ပြောတယ်။ ကျွန်မအတွက်လည်း စိန်ခေါ်မှုကြီးတစ်ခုပါ" လို့ Han So Heeက ဖွင့်ဟသွားခဲ့ပါတယ်။

Ref: K Star Live

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။