Maximus မြင်းဖြူကြီးနဲ့ သူ့အကြားချစ်စဖွယ်အကြောင်းတွေကို ပြောပြခဲ့တဲ့ Lee Min Ho

Posted on - May 27 []

Gunner Ksr

စာရေးသူ

လတ်တလော တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာတော့ The King: Eternal Monarch ဇာတ်လမ်းတွဲက တော်တော်လေး ရေပန်းစားနေတာကို တွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ထိပ်တန်းမင်းသား Lee Min Ho တစ်ယောက် စစ်မှုထမ်းဆောင်ပြီး ပထမဆုံး ရိုက်ကူးတဲ့ဇာတ်လမ်းတွဲပါ။

အပြိုင်ကမ္ဘာအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွှန်းတစ်ခုလုံးက ဆန်းကြယ်တာကိုတွေ့ရမှာပါ။ အထူးသဖြင့် ဒီဇာတ်လမ်းတွဲမှာ Lee Min Ho စီးတဲ့ Maximus မြင်းဖြူးကြီးကလည်း ပရိသ်တွေရဲ့ အာရုံစူးစိုက်မှုကို ရရှိတာကို တွေ့ရမှာပါ။

တလောက SBS က ထုတ်လွှင့်တဲ့ Access Showbiz Tonight အပိုင်းတစ်ပိုင်းမှာတော့ Lee Min Ho ဟာ Maximus မြင်းဖြူကြီးအကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။ "Maximus ဟာ အလွန်ချစ်ဖို့ကောင်းတဲ့ မြင်းဖြူဖြစ်ပါတယ်။ ရာသီဥတုအလွန်အေး တဲ့အခါမှာ သူ့ရဲ့နှာခေါင်းဟာ နီရဲနေတာပါပဲ။ နောက်ပြီး သူဟာ ကျွန်တော်အလွန်နှစ်သက်တဲ့ Lemon Candy ကိုလည်း စားတဲ့သူဖြစ်ပါတယ်။ ဒရာမာရိုက်ကူးမှုပြီးတဲ့အခါကျရင် ကျွန်တော်နဲ့ Maximus ဟာ Lemon Candy တစ်ခုစီ စားလေ့ရှိပါတယ်။

နောက်ပြီး Maximus ကို သက်သောင့် သက်သာဖြစ်စေဖို့ ရိုက်ကူးမှုခဏနားတဲ့အချိန်မှာ သူ့ကို ခဏလောက် လွတ်ထားပေးဖို့ ရိုက်ကူးရေး တာဝန်ရှိသူတွေကို ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ Maximus ကို ခဏတဖြုတ်လောက် လွတ်လွတ် လပ်လပ်နေပေးစေချင်တာဖြစ်ပါတယ်"လို့ Lee Min Ho က ဖွင့်ဟသွားခဲ့တာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။