၂၀၂၀ ခုနှစ်ရဲ့ Handsome အဖြစ်ဆုံးစာရင်းရဲ့ နံပါတ် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ BTS အဖွဲ့ဝင်

Posted on - May 28 []

Gunner Ksr

စာရေးသူ

နာမည်ကျော် You Tube Channel တစ်ခုဖြစ်တဲ့ Top10World ဟာ BTS အဖွဲ့ဝင် V ကို ၂၀၂၀ ခုနှစ်ရဲ့ Handsome အဖြစ်ဆုံးအဖြစ် ရွေးချယ်သတ်မှတ်ခဲ့ပါတယ်။

Top10World ဟာ Subscribers (၃) သိန်း ရှိတဲ့ နာမည်ကျော် Channel ဖြစ်ပြီး နယ်ပယ်ပေါင်းစုံက Top Ten List ကို ရွေးချယ်ဖော်ပြပေးနေခဲ့တဲ့ Channel တစ်ခုပါ။ အဲဒီလို ရွေးချယ်တဲ့နေရာမှာ နာမည်ကျော် ဟောလီးဝုဒ်စတားတွေဖြစ်တဲ့ Zayn Malik, Chris Hemsworth, Chris Evans, Tom Cruise နဲ့ Robert Pattinson တို့ကိုကျော်ဖြတ်ပြီး ရရှိသွားခဲ့တာပါ။

ဒါဟာ V အတွက်တော့ အံ့အားသင့်စရာမဟုတ်ဘဲ အရင်ကလည်း V ဟာ အခုလိုမျိုး ရုပ်ရည်နဲ့ ပတ်သက်တဲ့ ရွေးချယ်မှုတွေမှာ နံပါတ် (၁) နေရာကို ခဏခဏ ရခဲ့ဖူးပါတယ်။

V ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရည်ပိုင်းနဲ့ ပတ်သက်ပြီး List များ

ဘူဂေးလ်ရီးယား ၀က်ဆိုက်Dama.bg. က ရွေးချယ်တဲ့ Top 20 most beautiful men in the world’ စာရင်းမှာ ရွေးချယ်ခံရ
STAR 101 က ရွေးချယ်တဲ့ ‘Most handsome man in the world 2018 စာရင်းမှာ ရွေးချယ်ခံရ
ကမ္ဘာ့ဖျော်ဖြေရေးဝက်ဆိုက်က ရွေးချယ်တဲ့ Most Handsome Man 2018’ စာရင်းမှာ ရွေးချယ်ခံရ
100 Asian Heartthrobs စာရင်းမှာ (၃) နှစ်ဆက်တိုက် နံပါတ် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။