ထုတ်ဝေပြီး သိပ်မကြာခင်မှာပဲ စံချိန်မှတ်တမ်းကောင်းများစွာ ပိုင်ဆိုင်နေပြီဖြစ်တဲ့ Lady Gaga နဲ့ BLACKPINK တို့ရဲ့ Sour Candy

Posted on - May 29 []

Gunner Ksr

စာရေးသူ

ကမ္ဘာကျော် ပေါ့စတားဆိုတော် Lady Gaga နဲ့ BLACKPINK အဖွဲ့တို့ကတော့ သူ့တို့ရဲ့သီချင်းသစ်နဲ့ ပတ်သက်ပြီး iTunes Song Chart မှာ စံချိန်တင်နိုင်ခဲ့ပါတယ်။ Lady Gaga နဲ့ BLACKPINK ကို Collaboration ပြုလုပ်ထားတဲ့ Sour Candy သီချင်းကို မူလသတ်မှတ်ထားတာထက် တစ်ရက်စောပြီး မေလ (၂၈) နေ့ညမှာ ထုတ်ဝေခဲ့တာပါ။

အဲဒီလို ထုတ်ဝေပြီး (၂၄) နာရီမပြည့်ခင်မှာပဲ Sour Candy သီချင်းဟာ နိုင်ငံပေါင်း (၅၉) နိုင်ငံရဲ့ iTunes Song Chart ရဲ့ နံပါတ် (၁) နေရာမှာ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ iTunes Song Charts တွေမှာ ပထမဆုံး (၂၄) နာရီအတွင်း နံပါတ် (၁) နေရာအများဆုံး ရပ်တည်နိုင်တဲ့ ပမာဏာဖြစ်ခဲ့ပါတယ်။

BLACKPINK ဟာ iTunes UK ရဲ့ နံပါတ်(၁) နေရာမှာ ရပ်တည်နိုင်တဲ့ ပထမဆုံး အမျိုးသမီး K-pop အဖွဲ့အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် Sour Candy သီချင်းဟာ အမျိုးသမီး အနုပညာာရှင်တွေဟာ (၂၄) နာရီအတွင်း နားထောင်သူအများဆုံး Audio အဖြစ်လည်း စံချိန်တင်ခဲ့ပါသေးတယ်။

အဲဒီစံချိန်ကိုတော့ ၂၀၁၇ ခုနှစ်အတွင်း Selena Gomez ရဲ့ Fetish ကို ကျော်လွန်ပြီး ရရှိခဲ့တာပါ။ BLACKPINK နဲ့ Lady Gaga တို့ရဲ့ပူးပေါင်းမှုကတော့ အောင်မြင်မှုများစွာ သိမ်းပိုက်နိုင်နေတယ်လို့ ဆိုရမှာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။