BTS အဖွဲ့ရဲ့ အသည်းအငယ်ဆုံး Golden Maknae လေး Jungkook ကျတဲ့မျက်ရည်

Posted on - May 29 []

Gunner Ksr

စာရေးသူ

BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံး အဖွဲ့ဝင် Jungkook ဟာ ပျော်ပျော်နေတတ်သူတစ်ယောက်ဆိုပေမယ့် စိတ်သဘောထား နူးညံ့လွန်းကာ အသည်းငယ်သူတစ်ယောက်ပါ။ Jungkook ဟာ စိတ်ခံစားချက်ကို ထိန်းချုပ်တဲ့နေရာမှာ အားနည်းသူဖြစ်ပြီး တစ်ယောက်ယောက်က "မင်းငိုနေတာလား"လို့ မေးလိုက်ရင် ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘဲ အဆက်မပြတ် ငိုကြွေးတတ်သူလည်း ဖြစ်ပါတယ်။

Love Yourself concert DVD ထဲက Jungkook ရဲ့ အမှတ်တရတစ်ခုကလည်း ARMY တွေဒီနေ့အချိန်အထိ အမှတ်ရဆဲပါပဲ။ ဖျော်ဖြေမှု ပြီးသွားတဲ့အခါ စိတ်မကောင်းဖြစ်နေပုံရတဲ့ Jungkook ကို BTS အဖွဲ့ဝင်တွေက ငိုနေတာလား လို့မေးခဲ့ပါတယ်။

အဲဒီမှာ Jungkook ဟာ သူ့ရဲ့ခံစားချက်တွေကို မထိန်းနိုင်တော့ဘဲ မျက်ရည်ကျခဲ့တာပါ။ အကြောင်းကတော့ စတိတ်စင်ပေါ်မှာ ဖျော်ဖြေမှုပြုလုပ်နေရင်း အမှားပြုလုပ်ခဲ့လို့ သူ့ကိုယ်သူ ယူကျုံးမရဖြစ်နေခဲ့တာပါ။ ဒါကို တခြားအဖွဲ့ဝင်တွေက မသိရှိခဲ့ပါဘူး။

BTS အဖွဲ့ဝင်တွေက မေးမြန်းပြီး အကြောင်းစုံ သိရတဲ့အခါ Jungkook ကို နှစ်သိမ့်အားပေးကာ ၀ိုင်းပြီးချော့ပြောခဲ့တာပါ။ "မင်း လုပ်နိုင်တဲ့အရာတွေ ရှိသလို မလုပ်နိုင်တဲ့အရာတွေလည်း ရှိတယ်"လို့ နှစ်သိမ့်အားပေးကာ ချော့ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေကြောင့်လည်း BTS အဖွဲ့ဝင်တွေကို ARMY တွေက အမြဲအချစ်ပိုနေရစမြဲပါပဲ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။