BLINK တွေအားလုံး စောင့်မျှော်နေတဲ့ BLACKPINK အဖွဲ့ဝင်တွေရဲ့ Solo သတင်းကောင်းကို YG ထုတ်ပြန်

Posted on - Jun 1 []

Gunner Ksr

စာရေးသူ

YG Entertainment ဟာ BLACKPINK အဖွဲ့ဝင်တွေရဲ့ Solo နဲ့ ပတ်သက်တဲ့ လှုပ်ရှားတွေကို ထုတ်ပြန်ကြေညာသွားခဲ့တာပဲ ဖြစ်ပါတယ်။ YG ဟာ အစောပိုင်းကတည်းက BLACKPINK အဖွဲ့ဝင်တွေကို Solo ထုတ်ပေးမယ်လို့ ကတိပေးထားခဲ့တာပါ။

BLACKPINK အဖွဲ့ထဲမှာ Jennie တစ်ဦးတည်းသာ Solo ထုတ်ရသေးတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ YG Entertainment အနေနဲ့ BLACKPINK ရဲ့ အဖွဲ့လိုက် Album ကို အရင်အာရုံစိုက်ထားကြောင်း၊ ပြီးမှသာ Solo ကိစ္စများကို စီစဉ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

"YG ဟာ Jennie ရဲ့ Solo ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက ဖြန့်ချီခဲ့ပါတယ်။ ပရိသတ်တွေ ထင်မှတ်ထားတာထက် အချိန်ပိုကြာနေတာကိုလည်း နားလည်ပေးဖို့တောင်းဆိုပါတယ်။ အခုအခါမှာတော့ Rose ရဲ့ Solo က အလုံးစုံပြီးသွားပြီဖြစ်ပြီး BLACKPINK အဖွဲ့လိုက်ထွက်ပြီး စက်တင်ဘာလထဲမှာ ဖြန့်ဖို့ စီစဉ်ထားပါတယ်။

အဖွဲ့လိုက် Album ဟာ အရေးကြီးဆုံးဖြစ်ကြောင်းလည်း အားလုံးက သဘောတူညီခဲ့ကြပါတယ်"လို့ YG Entertainment က ထုတ်ပြန်သွားခဲ့တာပါ။ ဒါက BLINK တွေအတွက်တော့ လုံးဝစိတ်လှုပ်ရှားစရာ သတင်းကောင်းပဲ ဖြစ်ပါတယ်။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။