SNSD အဖွဲ့ခေါင်းဆောင် Taeyeon ကို လေးစားအားကျတယ်ဆိုတဲ့ K-pop Idol များ

Posted on - Jun 2 []

Gunner Ksr

စာရေးသူ

SNSD အဖွဲ့ခေါင်းဆောင် Taeyon ဟာ အရည်အသွေးကောင်းများစွာ ပိုင်ဆိုင်ပြီး ထူးချွန်သူတစ်ယောက်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ ဒါကြောင့် K-pop နယ်ပယ်အတွင်း သူမကို လေးစားအားကျနေသူ အများအပြားလည်း ရှိနေတာပါ။

Sejeong (Gugudan)

Gugudan အဖွဲ့ဝင် Sejeong ဟာ Taeyeon ကို အတုယူတဲ့အတွက် သူမရဲ့ အသံအားကောင်းနေတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။

Chaewon (IZ*ONE)

ဂျပန်မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Chaewon က Taeyeon ဟာ သူမရဲ့ Role Model ဖြစ်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Lucy (Weki Meki)

သူမရဲ့ ပထမဆုံး Live ထုတ်လွှင့်မှုမှာ Weki Meki အဖွဲ့ဝင် Lucy က သူမဟာ SNSD အဖွဲ့ဝင်အားလုံးကို ချစ်ပြီး Taeyeon ကို အလွန်လေးစားကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

Jueun (DIA)

DIA အဖွဲ့ဝင် Jueun ကလည်း သူမရဲ့ Role မော်ဒယ်ဟာ SNSD အဖွဲ့ခေါင်းဆောင် Taeyeon ဖြစ်တယ်လို့အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့ဖူးပါတယ်။

Heejin (LOONA)

Fansign ပွဲတော်တော်များများမှာလည်း Heejin က သူမရဲ့ Role Model ဟာ Taeyeon ဖြစ်တယ်ဆိုပြီး ၀န်ခံထားခဲ့ပါတယ်။

Yuqi ((G)I-DLE)

Yuqi ကတော့ Taeyeon ကို ငယ်စဉ်ကတည်းက လေးစားအားကျသူဖြစ်ပြီး Taeyeon ကို ကြည့်ပြီးတော့ Idol တစ်ယောက် ဖြစ်လာခဲ့သူပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။