BTS အဖွဲ့ဝင်တွေအတွက် သူဘယ်လိုလူဖြစ်ချင်သလဲဆိုတာ J-Hope ဖွင့်ဟ

Posted on - Jun 2 []

Gunner Ksr

စာရေးသူ

BTS အဖွဲ့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အလွန်ချစ်ခင်ကြပြီး တကယ့်မိသားစုအရင်းတွေလိုပဲဆိုတာ ARMY တွေ အသိဆုံးဖြစ်မှာပါ။ စည်းစည်းရုံးရုံးနဲ့ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်း အနီးစပ်ဆုံး ရှိခဲ့ကြတယ်။ တစ်ယောက် အားငယ်တဲ့အချိန်မှာ တစ်ယောက်က အားပေး၊ ပျော်ရွှင်စရာတွေကို အတူတူ မျှဝေခံစားလို့ ဒီအစုအဖွဲ့လေးဟာ နှစ်လိုဖွယ်ကောင်းခဲ့ပါတယ်။ မေလ (၂၈) ရက်နေ့မှာတော့ BTS ရဲ့Documentary Series ဖြစ်တဲ့ Break The Silence ကို ထုတ်လွှင့်ခဲ့ပါတယ်။

အဲဒီမှာ SPEAK YOURSELF shows အပြီးမှာတော့ BTS အဖွဲ့ဝင်တွေ တစ်ယောက်ချင်းစီက သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေ၊ အနာဂတ်အကြောင်းတွေကို ထုတ်ဖော်သွားခဲ့တာပါ။ အဲဒီမှာ J-Hope က သူ့အနေနဲ့ BTS အဖွဲ့တွေအတွက် ထူးခြားတဲ့သူတစ်ယောက်ဖြစ်ချင်တယ်လို့ ဖွင့်ဟသွားခဲ့တာပါ။

"တကယ်လို့ အဖွဲ့ဝင်ကသာ ကျွန်တော့်က ထူးခြားတဲ့သူတစ်ယောက်လို့ တွေးရင် သိပ်ကောင်းမှာပဲ။ သူက တကယ်လို့ ထူးခြားသူတစ်ယောက်ပဲ။ သူမရှိဘဲ ငါတို့ မနေနိုင်ဘူး။ သူက ငါတို့အသင်းရဲ့ အစိတ်အပိုင်းပဲ။ အဲဒီလိုပေါ့။ ကျွန်တော်သာ သူတို့အတွက်ဒီလိုမျိုးဖြစ်တည်မယ်ဆိုရင် အရမ်းပျော်မိမှာပါပဲ"လို့ J-Hope က ပြောကြားသွားခဲ့တာပါ။

BTS အဖွဲ့ဝင်တွေရဲ့ စိတ်ထဲမှာလည်း J-Hope ဟာ သူ့တို့အတွက် ထူးခြားတဲ့သူတစ်ယောက် ဖြစ်မှာပါ။ J-Hope ပြောခဲ့သလိုပါပဲ။ BTS အဖွဲ့နဲ့ ARMY တွေအနေနဲ့ J-Hope မရှိဘဲ ရှင်သန်ဖို့ ခက်ခဲလွန်းမှာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။