Kim Go Eun အပေါ် သူရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်သွားခဲ့တဲ့ Lee Min Ho

Posted on - Jun 3 []

Gunner Ksr

စာရေးသူ

လတ်တလော တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာတော့ The King: Eternal Monarch က တော်တော်လေး ရေပန်းစားနေတာပါ။ ဒီဇာတ်လမ်းတွဲဟာ ထိပ်တန်းမင်းသား Lee Min Ho တစ်ယောက် စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲဖြစ်လို့ စိတ်ဝင်စားမှု မြင့်တက်နေတာပါ။

တစ်ပိုင်းပြီးတစ်ပိုင်း တဖြည်းဖြည်း ဇာတ်ရှိန်တက်လာတာကို တွေ့ရပြီး အခုဆိုရင် အပိုင်း (၁၄) ကိုတောင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Lee Min Ho က Kim Go Eun နဲ့ရုပ်ရှင်တွဲရိုက်ရမယ်ဆိုတာ သိတဲ့အခါ သူ့ရဲ့ခံစားချက်ကို ဖွင့်ဟသွားခဲ့ပါတယ်။

Lee Minho က "Kim Go-eun က ကျွန်တော်တို့ အရွယ် သရုပ်ဆောင်တစ်ယောက်ပါ။ ဒါကြောင့် သူနဲ့ ဇာတ်လမ်းတွဲ တွဲရိုက်ခွင့်ရဖို့ ကျွန်တော် ဆန္ဒရှိခဲ့ပါတယ်။ သူနဲ့ အတူ တွဲရိုက်ခွင့်ရတာ အရမ်းကောင်းပါတယ်"လို့ ဆိုခဲ့ပါတယ်။

The King ဇာတ်လမ်းတွဲထဲမှာတော့ Lee Min Ho နဲ့ Kim Go Eun တို့ဟာ အတွဲညီညီသရုပ်ဆောင်ထားပြီး ပရိသတ်ရဲ့ အာရုံစိုက်ခြင်းကို ခံနေရပါတယ်။

Ref: K Star Live

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။