Underground Rapper ကနေ နာမည်ကျော် Idol ဘ၀အထိ အောင်မြင်မှုကို ရှာဖွေနိုင်ခဲ့ကြသူများ

Posted on - Jun 3 []

Gunner Ksr

စာရေးသူ

သူတို့ဟာ Underground ကနေ အောက်သက်ကြေစွာ ဖြတ်သန်းလာကြတာဖြစ်ပြီး နောက်ဆုံးမှာတော့ လျှမ်းလျှမ်းတောက်အောင်မြင်တဲ့ Idol တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။

Mino (WINNER)

Mino ဟာ Underground Rapper ဘ၀တုန်းက Hugeboy Mino ဆိုတဲ့နာမည်နဲ့ လှုပ်ရှားခဲ့တာပါ။ အဲဒီကတည်းက Mino ဟာ Block B အဖွဲ့ဝင်တွေ အပါအ၀င် သူငယ်ချင်းကောင်းများစွာနဲ့ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။

T.O.P (BIGBANG)

T.O.P ဖြစ်မလာခင် Tempo နာမည်နဲ့ Underground Rapper ဘ၀ကတည်းက T.O.P ဟာ တစ်ချိန်မှာ တောက်ပလာမယ့်သူအဖြစ် သတ်မှတ်ခံထားရတာပါ။ KBS Radio ရဲ့ Rap Battle ပြိုင်ပွဲမှာလည်း T.O.P ဟာ ဆုရခဲ့ပါသေးတယ်။

Zico

Zico ကလည်း Underground Rapper ဘ၀ကတည်းက အားလုံးရဲ့ ချီးကျူးမှုကို ရခဲ့သူပါ။

RM (BTS)

BTS အဖွဲ့ခေါင်းဆောင် RM ကတော့ Underground Rapper ဘ၀မှာ Runch Randa ဆိုတဲ့နာမည်နဲ့ အနုပညာလမ်းကို လျှောက်လှမ်းခဲ့သူပါ။ အဲဒီအချိန်ကတည်းက RM ဟာ အောင်မြင်မှု ရနေခဲ့ပြီး Zico အပါအ၀င် Rapper အများအပြားနဲ့ Collaboration လုပ်ခဲ့ပါတယ်။

Suga (BTS)

BTS အဖွဲ့ဝင် Suga ကတော့ Hip Hop အဖွဲ့ဖြစ်တဲ့ D-Town အဖွဲ့ဝင်အဖြစ် လျှမ်းလျှမ်းတောက် အောင်မြင်တဲ့ Idol ဖြစ်မလာခင် Underground မှာ ကျင်လည်ခဲ့တာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။