Lee Minho နဲ့ စတွေ့တုန်းက သူမဘယ်လို မိတ်ဆက်ခဲ့သလဲဆိုတာ ထုတ်ဖော်သွားခဲ့တဲ့ Kim Go Eun

Posted on - Jun 4 []

Gunner Ksr

စာရေးသူ

လတ်တလော တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာတော့ The King: Eternal Monarch က တော်တော်လေး ရေပန်းစားနေတာပါ။ ဒီဇာတ်လမ်းတွဲဟာ ထိပ်တန်းမင်းသား Lee Min Ho တစ်ယောက် စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံး ပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲဖြစ်လို့ စိတ်ဝင်စားမှု မြင့်တက်နေတာပါ။

တစ်ပိုင်းပြီးတစ်ပိုင်း တဖြည်းဖြည်း ဇာတ်ရှိန်တက်လာတာကို တွေ့ရပြီး အခုဆိုရင် အပိုင်း (၁၄) ကိုတောင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ တလောက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Kim Go Eun က သူမအနေနဲ့ Lee Min Ho ကို စတင်တွေ့ဆုံစဉ်က နှုတ်ဆက်ခဲ့ပုံကို ပြန်ပြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

"ကျွန်မ အစ်ကို Lee Minho နဲ့ စတွေ့တုန်းက ကျွန်မဟာ Kim Tan ရဲ့ ပရိသတ်ပါလို့ မိတ်ဆက်ခဲ့ပါတယ်။ (Heirs ဇာတ်လမ်းတွဲက Lee Minho ရဲ့ဇာတ်ကောင်အမည်) ကျွန်မအနေနဲ့ ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် အစ်ကို Lee Minho က အကောင်းဆုံးလို့ ထင်ပါတယ်။ Lee Minho အကောင်းဆုံးပါ"လို့ Kim Go Eun က ဆိုခဲ့တာပါ။

The King: Eternal Monarch ဇာတ်လမ်းတွဲဟာ အခုအခါမှာတော့ ရိုက်ကူးမှု ပြီးစီးသွားပြီဖြစ်ပြီး ဇာတ်သိမ်းပိုင်းကိုတော့ ဇွန်လ (၁၂) ရက်နေ့မှာ ပြသသွားမှာပါ။

Ref: K Star live

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။