Relationship နဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပြီး အခက်တွေ့ကြုံခဲ့ရတဲ့ နာမည်ကျော် Idol များ

Posted on - Jun 5 []

Gunner Ksr

စာရေးသူ

ဒီ Idol တွေဟာ သူတို့ရဲ့ Relationship ကို ပရိသတ်တွေထံ ချပြခဲ့ရာမှာတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာပါ။

Kang Daniel

Kang Daniel ကတော့ TWICE အဖွဲ့ခေါင်းဆောင် Jihyo နဲ့ တွဲနေသူပါ။ သူတို့ရဲ့ Relationship ကို ချပြခဲ့ချိန်မှာ နှစ်ယောက်စလုံးအတွက် ခက်ခဲခဲ့ပြီး စိတ်ကျရောဂါအသီးသီး ခံစားခဲ့ရပါတယ်။ နိုင်ငံတကာ ပရိသတ်တွေက ဘာမှမဖြစ်ပေမယ့် ကိုရီးယားပရိသတ်တွေကတော့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး လမ်းခွဲဖို့အထိတောင် တောင်းဆိုခဲ့ကြတဲ့အထိပါပဲ။

Chen (EXO)

လက်ရေးစာတစ်စောင်နဲ့ သူ့မှာ လက်ထပ်ဖို့ ရည်ရွယ်ထားသူရှိနေပြီ ဖြစ်ကြောင်း Chen ချပြခဲ့ချိန်မှာတော့ ကိုရီးယားပရိသတ်တွေက လက်မခံနိုင်ဘဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ Chen ကို EXO အဖွဲ့ကနေ ထွက်သွားဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အထိပါပဲ။

Sungmin (Super Junior)

Sungmin ဟာ ၂၀၁၄ ခုနှစ်မှာ မင်းသမီး Kim Sa Eun နဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ Sungmin ဟာ သူ့ရဲ့ Dating သတင်းကို ကိုယ်တိုင် မကြေညာဘဲ မီဒီယာတွေကနေတစ်ဆင့် ထုတ်ပြန်ခဲ့လို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။ အဲဒီနောက် သူ့ရဲ့ မင်္ဂလာရက်ကလည်း Super Junior အဖွဲ့ ဂျပန်မှာ ပရိုမိုးရှင်းနဲ့ ဖျော်ဖြေပွဲတွေ ပြုလုပ်နေတဲ့အချိန်နဲ့ တိုက်နေခဲ့တာပါ။ ဒါကြောင့် ပရိသတ်တွေက မင်္ဂလာရက်ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ပေမယ့် Sungmin ကမူလစီစဉ်ထားတဲ့အတိုင်းပဲ ကျင်းပခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့ဆန္ဒကို ဂရုမစိုက်ဘူးဆိုပြီး Sungmin ကို Super Junior အဖွဲ့ကနေ ထွက်သွားဖို့ ဆန္ဒပြခဲ့ကြပါသေးတယ်။

HyunA & Dawn

HyunA နဲ့ Dawn တို့ကတော့ ခပ်မိုက်မိုက်စုံတွဲလို့ပဲ ဆိုရမှာပါ။ သူတို့စုံတွဲဟာ သူတို့တွဲနေပြီဆိုတဲ့ သတင်းကို ဖုံးကွယ်ဖို့ ကြိုးစားတဲ့ Cube Entertainment နဲ့ ဆန့်ကျင်ခဲ့တာပါ။ နောက်ဆုံးမှာ အေဂျင်စီကို ဆန့်ကျင်ပြီး သူတို့တွဲနေပြီလို့ ချပြခဲ့ပါတယ်။ အဲဒီနောက် Cube က သူတို့နှစ်ယောက်ကို စာချုပ်ဖျက်သိမ်းလိုက်တယ်။ နောက်ဆုံးမှာတော့ HyunA နဲ့ Dawn ဟာ Psy ရဲ့ P-Nation ကို ရောက်လာခဲ့ပြီး ပေါ်ပေါ်ထင်ထင် တွဲခဲ့ပါတယ်။

Taeyeon (Girls’ Generation)

Taeyeon နဲ့ Baekhyun တို့ကလည်း သူတို့တွဲနေပြီဆိုတဲ့အကြောင်း ချပြစဉ်မှာ အခက်အခဲတွေမျိုးစုံ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံး တွဲတာ သိပ်မကြာခင်မှာပဲ လမ်းခွဲခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။