ပရိသတ်တွေအားလုံး အသက်ရှူမှားခဲ့ရတဲ့ Baeksang Arts Awards က Han So Hee ရဲ့ အလှတရား

Posted on - Jun 6 []

Gunner Ksr

စာရေးသူ

ဇွန်လ (၅) ရက်နေ့ကျင်းပခဲ့တဲ့ (၅၆) ကြိမ်မြောက် Baeksang Arts Awards ပွဲကတော့ ပရိသတ်တွေအတွက် ကျေနပ်စရာတွေ ပေးစွမ်းနိုင်ခဲ့တာပါ။ ပရိသတ်အကြိုက် ဇာတ်လမ်းတွဲတွေ၊ မင်းသား၊ မင်းသမီး အသီးသီးလည်း ဆုရရှိခဲ့လို့ ပရိသတ်တွေ ကျေနပ်ခဲ့ရတဲ့ Baeksang Arts Awards ညချမ်းလို့ ဆိုရမှာပါ။

ဒီဆုပေးပွဲမှာ ဆုရရှိမယ့် ဇာတ်လမ်းတွဲ၊ မင်းသား၊ မင်းသမီးတွေနဲ့အပြိုင် ပွဲအပေါ်တက်ရောက်လာမယ့် မင်းသမီးတွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကလည်း စောင့်ကြည့်ချင်စရာဖြစ်ခဲ့တာပါ။ (၅၆) ကြိမ်မြောက် Baeksang Arts Awards မှာ မင်းသမီးတွေဟာ သူ့ထက်ငါ အပြိုင်ကြဲပြီး အမိုက်စားဝတ်စုံ ဒီဇိုင်းတွေနဲ့ တက်ရောက်လာကြတာကို တွေ့ရပါတယ်။

ဒီဝတ်စုံတွေအားလုံးထဲမှာမှ The World of The Married ဇာတ်လမ်းတွဲထဲက မင်းသမီး Han So Hee ရဲ့ ၀တ်စုံဒီဇိုင်းက တော်တော်လေး ကြည့်ကောင်းနေခဲ့တာပါ။ Han So Hee ဟာ အဲဒီဝတ်စုံနဲ့ တော်တော်လေး လိုက်ဖက်နေခဲ့ပြီး သူမရဲ့ ပုံစံက ပရိသတ်တွေအားလုံး အသက်ရှူမှားလောက်အောင် လှပနေခဲ့တာပါ။

Ref: K Star Live

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။