သူနဲ့ Park Seo Joon တို့ တစ်ယောက်နဲ့တစ်ယောက် အမြင်မကြည်ဘူးဆိုတဲ့ သတင်းတွေကို ရှင်းပြခဲ့တဲ့ Ahn Bo Hyun

Posted on - Jun 8 []

Gunner Ksr

စာရေးသူ

JTBC က အခုနှစ် အစောပိုင်းအတွင်း ထုတ်လွှင့်ခဲ့တဲ့ Itaewon Class ဇာတ်လမ်းတွဲဟာ အောင်မြင်ခဲ့ပြီး ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားထဲမှာ ရေပန်းစားခဲ့ပါတယ်။ အထူးသဖြင့် ဒီဇာတ်လမ်းတွဲရဲ့ ဇာတ်အိမ်က ခိုင်မာလွန်းပြီး Park Seo Joon ရဲ့သရုပ်ဆာင်ချက်ကလည်း ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းကာ ကွတ်တိဖြစ်နေခဲ့တာပါ။ ဒါ့အပြင် ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ကိုရီးယားအနုပညာ အသိုင်းအ၀န်းကြားမှာ ပျံ့နှံ့နေတဲ့ ကောလဟလတစ်ခုကလည်း စိတ်ဝင်စားစရာပါပဲ။

Ask Us Anything အစီအစဉ်မှာ Ahn Bo Hyun ပါဝင်ခဲ့ရာမှာတော့ ဒီမေးခွန်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အစီအစဉ်တင်ဆက်သူ Kang Ho Dong က "ရိုက်ကွင်းနောက်ကွယ်မှာ Bo Hyun က Park Seo Joon ကို မနှစ်မြို့ဘူးဆိုတဲ့သတင်းတွေ ငါကြားရတယ်"လို့ ပြောခဲ့ပါတယ်။ အဲဒီအချက်ကို Lee Soo Geun က "အင်း ဟုတ်တယ်။ အဲဒီလို ကောလဟလတွေ အများကြီး ပြန့်နေတယ်"ဆိုပြီး ထောက်ခံခဲ့ပါတယ်။

ဒီအခါမှာတော့ Ahn Bo Hyun က သူ့အနေနဲ့ ဒီလိုအကြောင်းအရာတွေကို အခုမှ ပထမဆုံးကြားဖူးတာဖြစ်ကြောင်း ရယ်လျက် ပြောကြားသွားခဲ့ပါတယ်။ ဒါကို Kang Ho Dong က "သူ (Ahn Bo Hyun) နဲ့ Park Seo Joon ကြားမှာ ဒါရိုက်တာက အခွင့်အရေး မျှမျှတတ မပေးဘူးလို့ ငါကြားရတယ်။ Bo Hyun ရဲ့ပုံစံက မှားနေတယ်လို့ JTBC ဇာတ်လမ်းတွဲ နယ်ပယ်မှာ ကောလဟလတွေ ထွက်နေတယ်"လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ဒီအခါမှာတော့ Ahn Bo Hyun က သူနဲ့ Park Seo Joon တို့ကြားက ပုံစံကို သေချာရှင်းပြီး ကောလဟလတွေကို တုံ့ပြန်သွားခဲ့ပါတယ်။ "ဒီလိုအရာမျိုး ကျွန်တော် ပထမဆုံးကြားဖူးတာပါ။ တခြားတစ်ဖက်မှာတော့ ကျွန်တော်က Park Seo Joon တို့က အသက်တူပြီး တကယ့်ကို သူငယ်ချင်းကောင်းတွေပါ။ ကျွန်တော့်အနေနဲ့ ဇာတ်ဝင်ခန်းတစ်ခန်းအတွက် ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းမကျပေမယ့် ဒါရိုက်တာက ခပ်မြန်မြန်ပဲ ရိုက်တယ်။ Park Seo Joon ရဲ့ ဇာတ်ဝင်ခန်းတွေကျတော့ ခဏခဏ ပြန်ရိုက်တယ်။ ဒါကြောင့် 'Seo Joon ကိုကျတော့ ကျွန်တော့်ထက် အချိန်ကြာကြာ ပိုရိုက်တယ်နော်"လို့ ပြောလိုက်မိတာ။ ဒါကလည်း Seo Joon ရှေ့မှာပဲ နောက်နောက်ပြောင်ပြောင်နဲ့ ပြောခဲ့တာပါ"လို့ Ahn Bo Hyun က ပြန်လည်ဖြေရှင်းသွားခဲ့တာပါ။

ဆက်လက်ပြီး Ahn Bo Hyun က Park Seo Joon ရဲ့ သရုပ်ဆောင်ချက်တွေကို ချီးကျူးသွားခဲ့ပြီး သူတို့နှစ်ယောက်ဟာ တကယ့်ကို ရင်းနှီးတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။