မြင်းဖြူကြီး Maximus ဆီကို အောက်မေ့တသ လက်ဆောင်တွေ ပေးပို့ခဲ့တဲ့ Lee Min Ho

Posted on - Jun 8 []

Gunner Ksr

စာရေးသူ

လတ်တလော တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာတော့ The King: Eternal Monarch က တော်တော်လေး ရေပန်းစားနေပြီး အာရုံစိုက်ခြင်းကို ခံနေရတာပါ။ ဒီဇာတ်လမ်းတွဲဟာ ထိပ်တန်းမင်းသား Lee Min Ho တစ်ယောက် စစ်မှုထမ်းဆောင်ပြီးနောက် ပထမဆုံး ပြန်လည်ရိုက်ကူုးတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး နာမည်ကြီး ဇာတ်ညွှန်းရေးဆရာမရဲ့ ဇာတ်ညွှန်းဖြစ်တာကြောင့်လည်း မထုတ်လွှင့်ခင်ကတည်းက ရေပန်းစားနေခဲ့တာပါ။

အခုအခါမှာတော့ The King ဇာတ်လမ်းတွဲရဲ့ အပိုင်းအားလုံးကို ရိုက်ကူးမှု ပြီးစီးသွားပြီဖြစ်ပြီး ဇာတ်သိမ်းပိုင်းကိုတော့ ဇွန်လ (၁၂) ရက်နေ့မှာ ထုတ်လွှင့်သွားမှာပဲ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲထဲမှာ Lee Min Ho နဲ့ မြင်းဖြူကြီး Maximus တို့ရဲ့လိုက်ဖက်မှုကလည်း ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ခဲ့ရပါတယ်။

မေလ (၂၅) ရက်နေ့မှာတော့ Lee Min Ho က Maximus ကို လက်ဆောင်ပေးထားတဲ့ ပုံရိပ်တွေကို Kims Horse ရဲ့ Instagram အကောင့်မှာ တင်ထားခဲ့တာကို တွေ့ရပါတယ်။ SBS Star ရဲ့အဆိုအရ Maximus ဟာ Lee Min Ho ဆီကနေ မုန့်လာဥ၊ ပန်သီး၊ ငှက်ပျောသီးခြင်းရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် "Good job...မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်Maximus..လီမင်ဟိုထံမှ"ဆိုတဲ့ စာသားကိုပါ ရေးသားခဲ့တာကို တွေ့ရပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးတာဖြစ်သွားပြီး Maximus နဲ့ ဝေးကွာသွားပြီဖြစ်ပေမယ့် Lee Min Ho ရဲ့ စိတ်ထဲမှာတော့ Maximus ကို အမှတ်တရရှိနေဆဲလို့ ဆိုရမှာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။