အာဆင်ဝင်းဂါး ထွက်သွားခဲ့ရတာ ကစားသမားတွေ ရှက်သင့်တယ်လို့ ထုတ်ပြောခဲ့တဲ့ ဒီနယ်လ်ဆင်

Posted on - Jun 8 []

Gunner Ksr

စာရေးသူ

အာဆင်နယ်ကစားသမားဟောင်း ဒီနယ်လ်ဆင်ကတော့ ဂန္ထ၀င်နည်းပြကြီး အာဆင်ဝင်းဂါး ထွက်ခွာသွားခဲ့ရမှုအတွက် အာဆင်နယ်ကစားသမားတွေအနေနနဲ့ ရှက်သင့်တယ်လို့ သူ့အမြင်ကို ပြတ်ပြတ်သားသားပဲ ထုတ်ဖော်သွားခဲ့ပါတယ်။

အာဆင်းဂါးဟာ အာဆင်နယ်သမိုင်းရဲ့ ချန်ထားလို့မရတဲ့ ဂန္ထ၀င်မြောက်နည်းပြတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာ အောင်မြင်မှုဆုဖလားတွေနဲ့ ဝေးကွာခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ အာဆင်နယ်ပရိသတ်တွေဟာ အာဆင်ဝင်းဂါးကို အသင်းကနေ ထွက်ဖို့တောင် ဆန္ဒပြခဲ့ကြတာပါ။

နောက်ဆုံးမှာတော့ အာဆင်ဝင်းဂါးနဲ့ အာဆင်နယ်ရဲ့ ဇာတ်သိမ်းဟာ အားလုံးသိတဲ့အတိုင်း မလှပခဲ့ပါဘူး။ "အာဆင်နယ်နဲ့အတူ အောင်မြင်မှု ဆုဖလားမရခဲ့တာက ကျွန်တော် အနာကျင်ရဆုံးပါပဲ။ ကျွန်တော်တို့ဟာ ဗိုလ်လုပွဲကို (၂) ကြိမ်တက်နိုင်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး အရေးနိမ့်ခဲ့ရတယ်။ အာဆင်ဝင်းဂါး အထုတ်ခံလိုက်ရတဲ့အတွက် ကွင်းထဲမှာ ကန်နေတဲ့ ဘယ်ကစားသမားမဆို ရှက်သင့်တယ်"လို့ ဒီနယ်လ်ဆင်က ဖွင့်ဟသွားခဲ့ပါတယ်။

ဒီနယ်လ်ဆင်ဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းမှာ ၂၀၀၆ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ကစားခဲ့တာပါ။

Ref: All Football

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။