မက်ဆီကို ပထမဆုံးတွေ့ခဲ့ချိန်မှာ အားလုံးကြွေသွားလောက်စေတဲ့ စကားတစ်ခွန်းပြောခဲ့တဲ့ ဆက်တီယန်

Posted on - Jun 9 []

Gunner Ksr

စာရေးသူ

မက်ဆီကို ပထမဆုံးစတင်တွေ့ဆုံခဲ့ချိန်မှာ ဘာစီလိုနာနည်းပြဆက်တီယန်ရဲ့စကားက ဘာစီလိုနာပရိသတ်တွေအားလုံး ကြွေကျသွားစေလောက်တဲ့အထိပါပဲ။ လာလီဂါထိပ်သီးကလပ်ဘာစီလိုနာအသင်းဟာ ဒီနှစ်ပိုင်းအတွင်းမှာ အပြောင်းအလဲကြီးကြီးမားမားတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဗာယ်လ်ဗာဒီကို ရာထူးကနေ ထုတ်ပယ်ပြီး ဘက်တစ်နည်းပြဟောင်း ဆက်တီယန်ကို နည်းပြအဖြစ် အစားထိုး ခန့်အပ်ခဲ့တာပါပဲ။

ဗယ်လ်ဗာဒီလက်ထက်မှာ ဘာစီလိုနာရဲ့ပုံစံဟာ ဆိုးရွားလွန်းခဲ့ပြီး ဘာစီလိုနာယဉ်ကျေးမှုကွယ်ပျောက်ခဲ့ရပါတယ်။ဒါကြောင့် ဘာစီလိုနာဟာ အသင်းကို ကယ်တင်နိုင်မယ့် ပဲကိုင်ရှင်တစ်ဦးကို ရှာဖွေခဲ့ပါတယ်။ ဘာစီိလိုနာဟာ အစောပိုင်းက ကစားသမားဟောင်းဇာဗီကို ခန့်အပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဇာဗီကိုယ်တိုင်က ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့် ဘာစီလိုနာဟာ နောက်ဆုံးမှာတော့ ဆက်တီယန်ကိုပဲ အံ့အားသင့်ဖွယ် ခန့်အပ်ခဲ့ပါတယ်။ ဆက်တီယန်ဟာ လာလီဂါအသင်းများစွာကို ကိုင်တွယ်ဖူးတဲ့ ၀ါရင့်နည်းပြတစ်ယောက်ပါ။ ဆက်တီယန်နဲ့ Ballon d'Or (၆) ကြိမ်ရ မက်ဆီတို့ကြားမှာလည်း အရင်တုန်းက ဇာတ်လမ်းဟောင်းတွေ ရှိခဲ့ပါတယ်။

အဲဒီအမှတ်တရဇာတ်လမ်းကိုတော့ ဆက်တီယန်က ဘာစီလိုနာနည်းပြဖြစ်လာချိန်မှာ ပြန်ပြောင်းဖွင့်ဟသွားခဲ့ပါတယ်။ "တစ်နေ့ကျတော့ ဂွါဒီယိုလာရဲ့ ဖိတ်ကြားချက်နဲ့ မက်ဆီရဲ့ခြေစွမ်းကိုကြည့်ဖို့ ကျွန်တော် အခွင့်အရေး ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မက်ဆီကို ကျွန်တော်စကားသွားပြောခဲ့တယ်။ ကျွန်တော့် အသက် (၆၀) မတိုင်ခင်အထိ ဘောလုံးဆက်ကစားနေပါဦး။ အနည်းဆုံး ကျွန်တော်မသေခင်အထိ ကစားနေပါဦး လို့ သူ့ကိုပြောခဲ့တယ်"လို့ ဆက်တီယန်က ဆိုခဲ့တပါ။ ဒီစကားတွေက မက်ဆီနဲ့ ဘာစီိလိုနာပရိသတ်တွေအတွက်တော့ ကျေနပ်စရာပဲလို့ ဆိုရမှာပါ။


Ref: Sportbible

Oz11(မိုမိုလေး)

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။