Single ဘ၀နဲ့ပဲ တစ်သက်လံုး အရိုးထုတ်သွားဖို့ ရည်ရွယ်ထားနေကြတဲ့ အမျိုးသမီးအနုပညာရှင်များ

Posted on - Jun 10 []

Gunner Ksr

စာရေးသူ

လက်ထပ်ဖို့ဆိုတာ သူတို့အတွက်စိတ်ကူးယဉ်ဆန်လွန်းတဲ့အရာဖြစ်ပြီး သူတို့ဟာ တစ်သက်လုံး Single ဘ၀နဲ့ပဲ အရိုးထုတ်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားခဲ့ကြတာပါ။

Kim Hye Soo

မင်းသမီး Kim Hye Soo က သူ့အနေနဲ့ ကိုယ်လုပ်ချင်တာကို လုပ်ပြီးတစ်ယောက်တည်းရှင်သန်ရတာက အကောင်းဆုံးနည်းလမ်းပဲလို့ ဖွင့်ဟသွားခဲ့ပါတယ်။

Kim Seo Hyung

မင်းသမီး Kim Seo Hyung ကလည်း သူ့အနေနဲ့ လက်ထပ်ဖို့အကြောင်းကို ဘယ်တော့မှ မစဉ်းစားခဲ့ဖူးဘူးလို့ တစ်ခါက ဖွင့်ဟခဲ့တာပါ။ "ကျွန်မကိုယ်ကျွန်မက နှစ်နှစ်ကာကာချစ်ဖို့ပဲ စိတ်ကူးထားတယ်"လို့ Kim Seo Hyung က ဆိုခဲ့တာပါ။

Moon Geun Young

မင်းသမီး Moon Geun Young ကလည်း သူ့အနေနဲ့ ဘ၀မှာ လုပ်စရာတွေ အများကြီးရှိနေပြီး လက်ထပ်ဖို့အတွက် အချိန်မပေးနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။

Girls’ Generation’s Sunny

တလောက TV အစီအစဉ်တစ်ခုမှာ SNSD အဖွဲ့ဝင် Sunny က "ဒိတ်တာရော၊ လက်ထပ်တာရောက မလိုအပ်တဲ့အရာတွေပါ"လို့ ပြတ်ပြတ်သားသား ပြောကြားသွားခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။