ပရီးမီးယားလိဂ်မှာ ဂရစ်ဇ်မန်း အားပေးတာက ဘယ်အသင်း ဖြစ်မလဲ

Posted on - Jun 10 []

Gunner Ksr

စာရေးသူ

ပြင်သစ်လက်ရွေးစင်တိုက်စစ်ကစားသမားဂရစ်ဇ်မန်းဟာ အက်သလက်တီကိုအသင်းကနေ ဘာစီလိုနာကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းမှာ အနည်းငယ်ရုန်းကန်နေရပြီး သူ့ရဲ့အကောင်းဆုံးပုံစံကို မရသေးဘူးလို့ ဆိုရပါမယ်။

ပရီးမီးယားလိဂ်ဟာ ကမ္ဘာပေါ်မှာ ပရိသတ်စိတ်အ၀င်စားဆုံးလိဂ်တစ်ခုဖြစ်ပြီး ပရိသတ်တွေသာမက နာမည်ကျော်ဘောလုံးသမားများစွာကလည်း ပရီးမီးယားလိဂ်ကို စိတ်ဝင်တစားစောင့်ကြည်လေ့ရှိပါတယ်။

အဲဒီအထဲမှာ ဂရစ်ဇ်မန်းဟာလည်း တစ်ယောက်အပါအ၀င်ဖြစ်ပြီး သူ့ဟာ လီဗာပူးအသင်းပရိသတ်ဖြစ်ကြောင်းကို ဂရစ်ဇ်မန်းက ၀န်ခံပြောကြားသွားခဲ့တာပါ။ ပရိသတ်တွေကြောင့် လီဗာပူးအသင်းကို အားပေးတာလို့ ဂရစ်ဇ်မန်းက ဆိုခဲ့ပြီး လီဗာပူးတို့ ပရီးမီးယားလိဂ်ဖလားရဖို့ကလည်း မျှော်မှန်းလျက်ရှိနေပါတယ်။

"သူတို့ရဲ့ပရိသတ်တွေကြောင့် ကျွန်တော့်အနေနဲ့ လီဗာပူးကို အားပေးတာပါ။ သူတို့အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်ရဖို့ အရင်ကတည်းက ကျွန်တော်မျှော်လင့်ခဲ့တာပါ"လို့ ဂရစ်ဇ်မန်းက အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းရဲ့အိပ်မက်တွေ ပြည့်ဝလာပြီလို့ ဆိုရမှာပါ။

Ref: All Football

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။