အေးဂျင့်ရဲ့ ကြိုးဆွဲမှုကို မခံရဖို့ ပေါ့့ဂ်ဘာကို အချက်ကျကျ သတိပေးသွားခဲ့တဲ့ ဖာဒီနန်

Posted on - Jun 10 []

Gunner Ksr

စာရေးသူ

မန်ယူဂန္ထ၀င်နောက်ခံလူဖာဒီနန်ကတော့ ကွင်းလယ်လူပေါ့ဂ်ဘာနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် ထိထိရောက်ရောက် အကြံပေးသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်ယူကွင်းလယ်လူပေါ့ဂ်ဘာဟာ ဒဏ်ရာပြဿနာတွေကြောင့် COVID-19 မတိုင်ခင်ကတည်းက အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခြင်း မရှိဖြစ်နေတာပါ။

ပေါ့ဂ်ဘာရဲ့ အနာဂတ်ကလည်း လက်ရှိအချိန်အထိ တိတိကျကျ မရှိသေးဘဲ မတင်မကျဖြစ်နေတာပါ။ သူ့အနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းတွေလည်း ခဏခဏ ထွက်ပေါ်နေတာပါ။ အဲဒီအကြောင်းရဲ့ နောက်ကွယ်ကတော့ အေးဂျင့်ရွိုင်အိုလာပါပဲ။

ရွိုင်အိုလာနဲ့ ယူနိုက်တက်တို့အကြား ဆက်ဆံရေး အဆင်မပြေရှိနေပြီး ရွိုင်အိုလာက သူ့ကစားသမားကို အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတာပါ။ လက်ရှိအချိန်မှာတော့ ပေါ့ဂ်ဘာဟာ ဒဏ်ရာကနေ ပြန်သက်သာလာပြီး အသင်းရဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားဖို့ အသင့်ဖြစ်နေတာပါ။

"ပေါ့ဂ်ဘာကို ကျွန်တော်ပြောလိုတာကတော့ သူ့အနေနဲ့ 'မင်းစိတ်အတိုင်းပဲ ဆုံးဖြတ်ပါ။ မင်းအသံကိုပဲ နားထောင်ပါ'လို့ ပြောချင်ပါတယ်။ သူ့အနေနဲ့ အေးဂျင့်ရဲ့ ကြိုးကိုင်ရာနောက်ကို မလိုက်သင့်ပါဘူး။ ပရိသတ်တွေ၊ အသင်းဖော်တွေ၊ မန်နေဂျာကအစ သူ့ရဲ့တည်ရှိမှုဟာ အရေးပါတဲ့အကြောင်း သိပါတယ်"လို့ ဖာဒီနန်က အကြံပေးသွားခဲ့တာပါ။ ဖာဒီနန်နရဲ့ ပြောဆိုမှုတွေက တကယ့်ကို မှန်ကန်လွန်းတယ်လို့ပဲ ဆိုရမှာပါ။

Ref: Sportbible

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။