Parallel World ကိုအခြေခံရိုက်ကူးပြီး အောင်မြင်မှု ရခဲ့ကြတဲ့ ကိုရီးယားဇာတ်လမ်းတွဲများ

Posted on - Jun 11 []

Gunner Ksr

စာရေးသူ

တကယ်တော့ အရင်ကတည်းက ကိုရီးယားဇာတ်လမ်းတွဲတွေမှာ Parallel World ဆန်ဆန်ရိုက်ကူးခဲ့တဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲကောင်းများစွာ ရှိနေတာပါ။

W: TWO WORLDS APART

ဒါကတော့ ကာတွန်းထဲကဘ၀နဲ့ လက်တွေ့ဘ၀အကြောင်းကို ရိုက်ကူးခဲ့တာပါ။ Lee Jong Suk နဲ့Han Hyo Joon တို့ပါဝင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။

WELCOME 2 LIFE

Rain ဟာ ဒီဇာတ်လမ်းတွဲထဲမှာ ဥပဒေကို လက်တစ်လုံးခြားလုပ်လိုသူအတွက် ဆောင်ရွက်ပေးတဲ့ တစ်ကိုယ်ကောင်းတဲ့ ရှေ့နေတစ်ယောက်ပါ။ ဒါပေမဲ့ သူဟာ တစ်နေ့မှာ အပြိုင်ကမ္ဘာတစ်ခုကို ရောက်ရှိသွားခဲ့ပြီး ရိုးသားတဲ့ အစိုးရရှေ့နေတစ်ယောက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။

HOTEL DEL LUNA

IU နဲ့ Yeo Jin Goo ဒီဇာတ်လမ်းတွဲကတော့ သေပြီးသားလူတွေဟာ နောက်ဘ၀ကို မကူးခင် Del Luna ဆိုတဲ့ ဟိုတယ်မှာ နားခိုပြီး လူ့ဘ၀တုန်းက သူတို့မလုပ်လိုက်ရတဲ့အရာတွေကို လုပ်ကြတဲ့ အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတာပါ။ တော်တော်လေးလည်း အောင်မြင်ခဲ့ပါတယ်။

GUARDIAN: THE LONELY AND GREAT GOD

နှစ်ပေါင်း (၉၀၀) ကြာတဲ့အထိ မသေနိုင်တဲ့ မှင်စာအကြောင်း ခပ်ဆန်းဆန်း ရိုက်ကူးထားတာဖြစ်ပြီး ၀က်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာလညး Kim Go Eun ပါဝင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။

THE BRIDE OF HABAEK

ရေနတ်ဘုရားတစ်ပါးဟာ ဒီနေ့ခေတ်ကို ရောက်ရှိလာတဲ့အကြောင်းကို ပုံဖော်ထားတာဖြစ်ပြီး ပရိသတ် အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းတွဲပါပဲ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။