The World of the Married ထဲက ဇာတ်ရုပ်နဲ့တစ်ထပ်တည်း အပြင်မှာလည်း ဖောက်ပြန်မှုနဲ့ ပတ်သက်တဲ့ အတွေ့အကြုံရှိခဲ့တဲ့ မင်းသမီး

Posted on - Jun 12 []

Gunner Ksr

စာရေးသူ

The World of the Married ဟာ တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားထဲမှာတော့ ထင်မှတ်မထားလောက်အောင် ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်အဖြစ် မှတ်တမ်းစိုက်ထူနိုင်ခဲ့ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ ဇာတ်အိမ်ကြောင့်ရော ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ အားစိုက်မှုကောင်းမွန်ပြီး ပီပြင်ခဲ့လို့လည်း အခုလို အောင်မြင်ခဲ့တာပါ။ ဇာတ်လမ်းတွဲ ပြီးဆုံးသွားတာ အနည်းငယ်ကြာမြင့်နေပြီဖြစ်ပေမယ့် ပရိသတ်တွေကြားမှာတော့ The World of the Married အကြောင်း ပြောမဆုံးသေးပါဘူး။

ဒီဇာတ်လမ်းတွဲထဲမှာ မင်းသမီး Park Sun Young ကတော့ သူမအနေနဲ့ The World of the Married ထဲက ဇာတ်ရုပ်အတိုင်း အပြင်မှာလည်း အတွေ့အကြုံရှိခဲ့တယ်လို့ My Little Old Boy မှာ ပါဝင်ရာမှာတော့ ဖွင့်ဟသွားခဲ့ပါတယ်။

အဲဒီဇာတ်လမ်းတွဲထဲမှာ Park Sun Young က သူမယောက်ျားကို အရမ်းချစ်လွန်းပြီး သူငယ်ချင်းနဲ့ ဖောက်ပြန်နေတာကို သိသိရက်နဲ့ မခွဲနိုင်ဘဲ နာကျင်စွာနဲ့ ရှေ့ဆက်နေရတဲ့ ဇာတ်ရုပ်ပုံစံမျိုးပါ။ အပြင်လက်တွေ့ဘ၀မှာလည်း သူမရဲ့ သူငယ်ချင်းဖြစ်သူက အဲဒီလို ခံစားနေရတာလို့ Park Sun Young က ဖွင့်ဟသွားခဲ့တာပါ။

"ကျွန်မသူငယ်ချင်းရဲ့ ယောက်ျားဖောက်ပြန်နေတာကို ကျွန်မ သိခဲ့တယ်။ ကျွန်မ အများကြီး တွေးပြီးနောက် ကျွန်မ သူငယ်ချင်းကို 'နင့်ယောက်ျားက နင့်ကို လိမ်နေတယ်'လို့ ပြောခဲ့တယ်။ သူတို့ ကွာရှင်းခဲ့လိမ့်မယ်လို့ ကျွန်မထင်ခဲ့တာ။ ဒါပေမဲ့ သူက နာကျင်လျက်နဲ့ ယောက်ျားနဲ့ ဆက်ပေါင်းခဲ့တယ်။ အဲဒီသူငယ်ချင်းက အခုအချိန်အထိလည်း နာကျင်မှုတွေနဲ့ နေထိုင်နေရပါတယ်။ အဲဒီဖြစ်ရပ်တွေအပြီးမှာတော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးလည်း ပျက်သွားခဲ့ရတယ်"လို့ Park Sun Young က ဖွင့်ဟသွားခဲ့တာပါ။

အဲဒီနောက် အစီအစဉ်မှာ ပါဝင်သူ Panel ကတော့ သူများတွေရဲ့ မိသားစုအရေးကိစ္စမှာ ၀င်မပါတာအကောင်းဆုံးပဲလို့ အကြံပေးခဲ့ပါတယ်။ The World of the Married ဟာ အဲဒီလို လက်တွေ့ဘ၀နဲ့ နီးစပ်လို့လည်း ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ခဲ့တာပါ။

Ref: Koreaboo

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။