အနာဂတ်မှာ မိန်းမလေး ပရိသတ်တွေအကြား ရေပန်းစားလာဦးမယ့် ကလေးသရုပ်ဆောင်များ

Posted on - Jun 14 []

Gunner Ksr

စာရေးသူ

ဒီကလေးသရုပ်ဆောင်တွေဟာ အနာဂတ်မှာ အလွန်ဆွဲဆောင်မှု ရှိလွန်းစွာနဲ့ မိန်းကလေးပရိသတ်တွေအကြား ရေပန်းစားပြီး ဖမ်းစားနိုင်ဦးမယ်လို့ သတ်မှတ်ခံထားရတာပါ။

Kim Kang Hoon

Kim Kang Hoon ဟာ အသက် (၁၁) နှစ်အရွယ်သာ ရှိသေးပေမယ့် အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ 2020 Baeksang Awards ရဲ့ Best New Actor ဆုအတွက် ဆန်ခါတင်စာရင်းလည်း ၀င်ခဲ့သူပါ။

Jeong Hyun Jun

Jeong Hyun Jun ကတော့ The King ထဲမှာ Lee Min Ho ရဲ့ကလေးဘ၀နေရာက ပါဝင်ခဲ့ပြီး လတ်တလော ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ Jeong Hyun Jun ဟာ Handsome ဖြစ်လွန်းပြီး အနာဂတ်မှာ မိန်းကလေးပရိသတ်တွေရဲ့ နှလုံးသားကို ခိုးယူနိုင်မှာပါ။

Moon Woo Jin

WHAT'S WRONG WITH SECRETARY KIM ဇာတ်လမ်းတွဲထဲမှာ Park Seo Joon ရဲ့ ငယ်ဘ၀ သရုပ်ဆောင်ခဲ့တဲ့ Moon Woo Jin ကလည်း အနာဂတ်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရသူပါ။ IT'S OKAY TO NOT BE OKAY ဇာတ်လမ်းတွဲမှာလည်း Kim Soo Hyun ရဲ့ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ဦးမှာပါ။

Kim Jun

HOSPITAL PLAYLIST ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အချစ်ကို ရခဲ့တဲ့ Kim Jun ကလည်း အနာဂတ်မှာ တောက်ပလာနိုင်သူအဖြစ် သတ်မှတ်ခံထားရတာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။