၂၀၂၀ ခုနှစ်မှာ ပရိသတ်ရဲ့ အာရုံစိုက်မှုကို အများဆုံး ခံနေရပြီး အောင်မြင်ကျော်ကြားနေတဲ့ မင်းသားများ

Posted on - Jun 14 []

Gunner Ksr

စာရေးသူ

ဒီနှစ်အပိုင်းခြားမှာတော့ သူတို့ရဲ့ အောင်မြင်မှုဟာ တော်တော်လေး ကြီးမားနေခဲ့တာပါ။ သူတို့ရဲ့နှစ်လို့ ပြောရမှာဖြစ်ပြီး ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ တသသ ရေပန်းစားနေကြသူတွေ ဖြစ်ပါတယ်။

Lee Jae Wook

ပြီးခဲ့တဲ့နှစ်ကတည်းက အရှိန်ရလာတဲ့ Lee Jae Wook ဟာ ဒီနှစ်မှာလည်း ဆက်တိုက်ကျော်ကြားနေပါတယ်။ မင်းသားအဖြစ် ပွဲထွက်ပြီး အချိန်တိုအတွင်းမှာပဲ Lee Jae Wook ဟာ အောင်မြင်နေခဲ့တာပါ။

Park Hae Jin

Forset, Kkondae Intern ဇာတ်လမ်းတွဲတွေနဲ့ ParK Hae Jin ဟာ ဒီနှစ်ကာလအပိုင်းအခြားမှာ ပရိသတ်တွေကြား ရေပန်းစားလျက် ရှိနေပါတယ်။

Lee Sang Yeob

Lee Sang Yeob ဟာ လက်ရှိအချိန်မှာတော့ ဇာတ်လမ်းတွဲတွေမှာသာမက ရသစုံအစီအစဉ်တွေမှာလည်း နာမည်ကျော်ကြားလျက် ရှိနေပါတယ်။ လက်ရှိမှာလည်း Once Again ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး ပရိသတ်ရင်ထဲ နေရာယူထားသူပါ။

Park Seo Joon

၂၀၂၀ ကတော့ Park Seo Joon ရဲ့နှစ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ နောက်ပိုင်း တစ်စတစ်စ အောင်မြင်လာခဲ့တဲ့ Park Seo Joon ရဲ့ အောင်မြင်မှုဟာ ၂၀၂၀ မှာတော့ အမြင့်ဆုံးကို ရောက်ရှိလာတယ်လို့ ဆိုရမှာပါ။

Ahn Bo Hyun

Itaewon Class ဇာတ်လမ်းတွဲနဲ့အတူ Ahn Bo Hyun ဟာလည်း ပရိသတ်တွေကြား ရေပန်းစားလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ You Tube Channel ကလည်း subscribers (၁) သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

Hyun Bin

ထိပ်တန်းသရုပ်ဆောင် Hyun Bin ကလည်း Crash Landing On You ဇာတ်လမ်းတွဲနဲ့အတူ သူ့ရဲ့ အောင်မြင်မှု အရှိန်အ၀ါကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။

Joo Ji Hoon

Kingdom ဇာတ်လမ်းတွဲ ၀က်ဝက်ကွဲအောင်မြင်ခဲ့တာနဲ့အတူ Joo Ji Hoon ဟာလည်း ဒီနှစ်ပိုင်းအတွင်း ပရိသတ်တွေကြား ရေပန်းစားလာခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။