The King ဇာတ်လမ်းတွဲထဲမှာ Woo Do Hwan ကို နှုတ်ခမ်းနီမလေးတွေ ကြွေစေခဲ့တဲ့အချက်များ

Posted on - Jun 15 []

Gunner Ksr

စာရေးသူ

The King ထဲမှာတော့ ဘုရင့်သက်တော်စောင့်အဖြစ် ပါဝင်ခဲ့တဲ့ Woo Do Hwan ဟာ အဓိကမင်းသား Lee Min Ho နဲ့အပြိုင် မိန်းကလေးပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။ ဒီအချက်တွေကတော့ မိန်းကလေးပရိသတ်တွေအနေနဲ့ Woo Do Hwan ကို မကြွေဘဲ မနေနိုင်တဲ့အချက်တွေပါပဲ။

ခပ်ချေချေပုံစံ

ဘုရင့်နိုငံတော်ဘက်က လီဂွန်ရဲ့ အထူးသက်တော်စောာင့် Jo Yeong ရဲ့ တာဝန်က လီဂွန်ကို ကာကွယ်ပေးရတာပါ။ ဒီတော့ Jo Yeong ဟာ အမြဲတမ်း သတိရှိရှိနဲ့ အက်ရှင်အပြည့် နေရတာပါ။ အဲဒီလို Jo Yeong ရဲ့ ခပ်ချေချေပုံစံက ပျိုမေတွေ မကြွေဘဲ မနေနိုင်လောက်ပါပဲ။

အမိုက်စားစတိုင်

Jo Yeong က ဘုရင့်ရဲ့ သက်တော်စောင့်ဆိုပေမယ့် လီဂွန်နဲ့ ငယ်သူငယ်ချင်းတွေဖြစ်လို့ တစ်ခါတလေကျရင် လီဂွန်ကို မကြောက်ဘဲ ပြန်ပြီး ပြောတာတွေ ရှိပါတယ်။ Jo Yeong ရဲ့ အဲဒီလို အမိုက်စားစတိုင်အောက်မှာ သင်ရော မျောပါခဲ့ပါသလား။

Lee Min Ho နဲ့ Bromance

Lee Min Ho နဲ့ Woo Do Hwan နဲ့ Bromance ဇာတ်ဝင်ခန်းတွေဟာလည်း ကြည်နူးစရာကောင်းလှပြီး The King ဇာတ်လမ်းတွဲထဲက ဆွဲဆောင်မှုတစ်စိတ်တစ်ဒေသပါပဲ။

နှစ်ကိုယ်ခွဲ

Woo Do Hwan ဟာ Visual ဖြစ်လွန်းတာတင်မကဘဲ သရုပ်ဆောင်ပိုင်နိုင်လွန်းတာကို နှစ်ကိုယ်ခွဲဇာတ်ရုပ်က အကောင်းသက်သေပါပဲ။ Jo Eun Seop နဲ့ Jo Yeong ဆိုတဲ့ မတူညီတဲ့ ဇာတ်ရုပ်နှစ်ခုကြားမှာ Woo Do Hwan က အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာပါ။ အထူးသဖြင့် Jo Yeong တစ်ယောက် ကိုရီးယားနိုင်ငံတော်မှာ စားသောက်ဆိုင်ရှေ့မှာ လူဆိုးတွေနဲ့ချတော့ ရဲတွေရှေ့မှာ ချက်ချင်ကြီး Jo Eun Seop ပုံစံ ဖမ်းလိုက်ပုံက လုံးဝမိုက်လွန်းပါတယ်။

Jo Eun Seop ရဲ့ Cute

သက်တော်စောင့် Jo Yeong ဇာတ်ရုပ်က ခပ်တည်တည်နေသလောက် ဒီဘက်က Jo Eun Seop ကတော့ ပေါ့ပေါ့ပါးပါးနဲ့ နောက်နောက်ပြောင်ပြောင် နေတတ်သူပါ။ ဒီမှာပဲ Jo Eun Seop ရဲ့ Cute Type ပုံစံ စကားပြောဟန်တွေက ပရိသတ်တွေရဲ့ ရင်ထဲ မရောက်ဘဲ မနေနိုင်ခဲ့တာပါ။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။