The World of the Married ရိုက်ကူးပြီး လက်ထပ်ဖို့ သေချာစဉ်းရမယ်လို့ Shim Eunwoo ဖွင့်ဟ

Posted on - Jun 15 []

Gunner Ksr

စာရေးသူ

The World of the Married ဟာ တောင်ကိုရီးယားဇာတ်လမ်းတွဲ ပရိသတ်တွေကြားထဲမှာတော့ ထင်မှတ်မထားလောက်အောင် ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်အဖြစ် မှတ်တမ်းစိုက်ထူနိုင်ခဲ့ပါတယ်။ အိမ်ထောင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ ဇာတ်အိမ်ကြောင့်ရော ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ အားစိုက်မှုကောင်းမွန်ပြီး ပီပြင်ခဲ့လို့လည်း အခုလို အောင်မြင်ခဲ့တာပါ။ ဒါကြောင့် The World of the Married ဟာ လက်တွေ့ဘ၀အတွက်လည်း သင်ခန်းစာ ယူစရာရတယ်လို့ ဆိုရမှာပါ။

ဒီဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေဟာ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး လေးလေးနက်နက် အတွေးတစ်ခု ရရှိသွားပုံကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဇာတ်လမ်းတွဲအပြီး ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ အင်တာဗျူးကို ကြည့်မယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အလေးအနက်ထားတော့မယ်ဆိုတာမျိုးတွေကို ကြားသိနေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း Han So Hee က ဒီဇာတ်လမ်းတွဲမှာ ပါဝင်ပြီး သူမအနေနဲ့ အိမ်ထောင်ပြုနိုင်ပါ့ဦးမလားဆိုတဲ့ အတွေးဝင်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အခုအခါမှာလည်း Shim Eunwoo က ဒီဇာတ်လမ်းတွဲ ရိုက်ကူးပြီးနောက် သူမရဲ့ ပြောင်းလဲသွားတဲ့ အိမ်ထောင်ရေးအမြင်ကို အခုလိုပဲ ဖွင့်ဟသွားခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။