ကွင်းပိတ်ကန်ပေမယ့် ပရိသတ်တစ်ယောက် ကွင်းထဲပြေးဝင်လာပြီး မက်ဆီနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးပမ်းတဲ့ဖြစ်ရပ်

Posted on - Jun 15 []

Gunner Ksr

စာရေးသူ

ဘာစီလိုနာနဲ့ မာယော့ကာတို့ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ပရိတစ်ယောက်ဟာ ကွင်းထဲပြေးဝင်လာပြီး ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

လတ်တလောမှာ ဥရောပ ဘောလုံးပွဲစဉ်တွေကို ကွင်းပိတ်ကစားစေပြီး ပြန်လည်ကျင်းပနေခဲ့ကြတာပါ။ လာလီဂါပွဲစဉ်တွေကိုလည်း ဒီတစ်ပတ်မှာ ပြန်လည်ယှဉ်ပြိုင်ခဲ့တာပါ။ ဘာစီလိုနာနဲ့ မာယော့ကာတို့ရဲ့ပွဲစဉ်မှာတော့ လူငယ်တစ်ဦးဟာ ပွဲကစားနေစဉ်အတွင်း ကွင်းအတွင်း ၀င်ရောက်လာပြီး မက်ဆီနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ ကြိုးပမ်းခဲ့တာပါ။

အဲဒီနောက် ရဲတွေက သူ့ကို ထိန်းသိမ်းခေါ်ဆောင်သွားခဲ့ပါတယ်။ "ကျွန်တော့်ရဲ့ အိပ်မက်က မက်ဆီနဲ့ဓာတ်ပုံတွဲရိုက်ချင်တာပါ။ ဒါကြောင့် မက်ဆီဆီကို ပြေးသွားခဲ့တယ်။ ဒါပေမဲ့ ရဲတွေက အဲဒီဓာတ်ပုံကို ဖျက်ပစ်လိုက်ပါတယ်"လို့ ပြေးဝင်လာသူ လူငယ်က ဆိုခဲ့ပါတယ်။

Contents on Momolay.com are copyrighted and are not allowed to appear on any other websites or Facebook pages. Please respect our copyrights.

မိုမိုလေးမှရေးသားသော စာများသည် မိုမိုလေး၏မူပိုင်ဖြစ်ပြီး Momolay.com နှင့် Momolay Facebook စာမျက်နှာ တွင်သာ ဖတ် ရှုနိုင်ပါသည်။ အခြားမည်သည့် website နှင့် Facebook စာမျက်နှာမှာ ကူးယူဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။